တရုတ်ရေဒီယိုနှင့် ရုပ်မြင်သံကြားဦးစီးဌာနချုပ်၊ ဗီယက်နမ်နိုင်ငံ ဆက်သွယ်ရေးနှင့် မီဒီယာ ဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့မှ ပူးတွဲကြီးမှူးကျင်းပသည့် ပဥ္စမအကြိမ်မြောက် လန်ချန်း-မဲခေါင် ရက်သတ္တပတ် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက်က ကူမင်းမြို့တွင် ကျင်းပရာ လန်ချန်း-မဲခေါင်နိုင်ငံများနှင့် ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် စသော တောင်အာရှနိုင်ငံများ၏အစိုးရရုပ်မြင်သံကြားဦးစီးဌာနများနှင့် ပင်မမီဒီယာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်ပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။
လန်ချန်း-မဲခေါင် ရုပ်သံရက်သတ္တပတ်ကို ဇွန်လ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပခြင်း ဖြစ်ပြီး ယင်းကာလတွင် ရုပ်သံရက်သတ္တပတ် စတင်ခြင်း အခမ်းအနား ကျင်းပခြင်း၊ ထူးချွန်ကောင်းမွန်သော ရုပ်သံအစီအစဥ်များ ထုတ်လွှင့်ခြင်း၊ တတိယအကြိမ်မြောက် လူငယ် short Video ဖန်တီးခြင်း၊ ရုပ်သံဆိုင်ရာဆွေးနွေးဖလှယ်ခြင်း၊ “တရုတ်ရုပ်သံ-ဗီယက်နမ်နိုင်ငံရောက်” ထူးချွန်ကောင်းမွန်သော တရုတ်ဇာတ်လမ်းတွဲများ ဗီယက်နမ်နိုင်ငံတွင် ထုတ်လွှင့်ခြင်း စသည့်အစီအစဥ်များ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့အစီအစဥ်များက ရုပ်သံပူးပေါင်းဆောင်ရွက်မှုရလဒ်များကို ဘက်ပေါင်းစုံမှ ပြသနိုင်ခဲ့ပြီး တရုတ်နှင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများ၏ ထူးခြားသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ပြသခြင်းမှတစ်ဆင့် နိုင်ငံအသီးသီးပြည်သူများအကြား အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုကို ဆက်လက်မြှင့်တင်စေသလို နိုင်ငံအသီးသီးယဥ်ကျေးမှုသည်လည်း ပူးပေါင်းဆောင်ရွက်မှုမှ လက်ဆင့်ကမ်းမှု၊ ဆန်းသစ်ဖန်တီးမှု၊ ဖွံ့ဖြိုးတိုးတက်လာမှု ရှိလာပေသည်။
ဒေသတွင်းမီဒီယာပူးပေါင်းဆောင်ရွက်မှုပြယုဂ်အနေဖြင့် လန်ချန်း-မဲခေါင် ရုပ်သံရက်သတ္တပတ် စတင်ဖော်ဆောင်သည့်အချိန်မှစ၍ အစီအစဉ် ဖလှယ်မှု၊ ပူးပေါင်းထုတ်လုပ်မှု၊ နည်းပညာ ဖလှယ်မှုနှင့် မီဒီယာအသစ် ပူးပေါင်းဆောင်ရွက်မှု စသည့်ကဏ္ဍများတွင် ရလဒ်ကောင်းများ ရရှိခဲ့ရာ လန်ချန်း-မဲခေါင်နိုင်ငံများကြား မီဒီယာပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုယဉ်ကျေးမှု ဖလှယ်ရေးအတွက် အရေးကြီးသည့်ပလက်ဖောင်းတစ်ခု ဖြစ်လာပါသည်။