၂၀၂၄ ခုနှစ် "လန်ချန်း-မဲခေါင်ရက်သတ္တပတ်" လှုပ်ရှားမှုများ ကွေ့ကျိုးပြည်နယ်တွင် စတင်၊ နိုင်ငံခြားပညာတော်သင် ၃၃ ဦး ပြည်နယ်ပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာ

lmcchina.org, June 21, 2024
Size:

ယခုနှစ်များတွင် ကွေ့ကျိုးပြည်နယ်သည် မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် ပူးပေါင်းဖလှယ်မှုကို များပြားစွာ ပြုလုပ်ခဲ့သည်။ နှစ်ဖက်အားကစား၊ လူမှုရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးကို ပိုမိုမြှင့်တင်ရန် ကွေ့ကျိုးပြည်နယ်သည် ၂၀၂၄ ခုနှစ် "လန်ချန်း-မဲခေါင်ရက်သတ္တပတ်" လှုပ်ရှားမှုများကို စတင်လိုက်ရာ မဲခေါင်မြစ်ဝှမ်းနိုင်ငံများမှ ကွေ့ကျိုးပြည်နယ်ရှိ ပညာတော်သင် ၃၃ ဦးအား ၁၆ ရက်နေ့က ၂၀၂၄ ခုနှစ် ကွေ့ယန်မာရသွန်တွင် ပါဝင်ရန် ဖိတ်ကြားခဲ့ပါသည်။ ပြိုင်ပွဲအပြီးတွင် ပညာတော်သင်များသည် ကွေ့ကျိုးပြည်နယ်ပြတိုက်သို့ သွားရောက်၍ "ရောင်စုံ ကွေ့ကျိုးသမိုင်းနှင့် ယဉ်ကျေးမှုပြပွဲ"သို့ သွားရောက်ကြည့်ရှုကာ ကွေ့ကျိုး၏ရှုခင်း၊ လူမှုရေး၊ ယဥ်ကျေးမှုနှင့် သမိုင်းအကြောင်း ပိုမိုသိရှိနားလည်မှု ရှိရန် လေ့လာခဲ့ကြပါသည်။

ကျွန်မဇာတိက ယူနန်နဲ့ နီးတယ်၊ တရုတ်စာလေ့လာတာက ကျွန်မဘဝနဲ့ အလုပ်အတွက် ပိုအဆင်ပြေလိမ့်မယ်။ တရုတ်စာ သင်ယူတဲ့အခါ တရုတ်ယဉ်ကျေးမှုကို နားလည်ဖို့ လိုပါတယ်။ ပြတိုက်ကို သွားရောက်လည်ပတ်တာက ပိုမိုများပြားတဲ့ ပညာဗဟုသုတတွေ သိရှိနားလည်းစေနိုင်ပါတယ်။  ဒါတွေက ကျွန်မ သင်ယူဖို့ လိုအပ်တယ်ဟု ကွေ့ကျိုးဆရာအတတ်သင်တက္ကသိုလ်မှ မြန်မာပညာတော်သင် ကျင်းဖီဖီက ပြောသည်။

ယခုနှစ်များတွင် တရုတ်ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဇာတ်လမ်းများသည် နိုင်ငံရပ်ခြားတွင် ပျံ့နှံ့လျက်ရှိနေပြီး နိုင်ငံခြားပရိသတ်များကို ပိုမိုဆွဲဆောင်လျက်ရှိသည်။ ကွေ့ကျိုးဆရာအတတ်သင်တက္ကသိုလ်မှ ကမ္ဘောဒီးယားပညာတော်သင် ချန်ဟွေ့လင်လည်း တရုတ်ဇာတ်လမ်းတွဲ နိုင်ငံခြားပရိသတ်များအနက် တစ်ဦးအပါအဝင် ဖြစ်ပါသည်။ တရုတ်ရှေးခေတ်ဇာတ်လမ်းတွဲတွေကို ကြည့်ပြီး တရုတ်ဘာသာစကားကို သဘောကျလာတယ်။ ဇာတ်လမ်းတွေထဲမှာ ပါတဲ့သမိုင်းကို နားလည်ချင်လို့ အသက် ၁၅ နှစ်အရွယ်မှာပဲ တရုတ်ကျောင်းမှာ တရုတ်စာကို စတင်သင်ယူခဲ့ပါတယ်၊ အခုဆို ၇ နှစ် ရှိပြီဟု သူက ပြောသည်။ ယခုကြည့်ရှုလည်ပတ်မှုတွင် ချန်ဟွေ့လင်သည် ပြတိုက်ရှိ ခေတ်အမျိုးမျိုးမှ လက်ဝတ်ရတနာများကို စိတ်ဝင်စားခဲ့သည်။ တရုတ်ပြည်ခေတ်အမျိုးမျိုးက လက်ဝတ်ရတနာတွေက အရမ်းလှတယ်၊ ဒီလက်ဝတ်ရတနာတွေအကြောင်း သိချင်တယ်။ တရုတ်စာ သင်ယူရတာ ခက်ခဲပေမယ့် ဆက်လက်သင်မယ်ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံက ရှည်ကြာတဲ့သမိုင်း ရှိပြီး ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများကို ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်။  ပြတိုက်မှာ နှစ်ထောင်ချီတဲ့ တရုတ်သမိုင်းကို လေ့လာနိုင်ပြီး ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများပေါ်မှာ ကျန်ရစ်ခဲ့တဲ့ပုံများကို ကြည့်ရှုနိုင်တယ်။ တရုတ်သမိုင်းနဲ့ ယဉ်ကျေးမှုကို ကျွန်မ အရမ်းစိတ်ဝင်စားတယ်၊ ကျွန်မအတွက် ပြတိုက်များက တရုတ်သမိုင်းနဲ့ ယဉ်ကျေးမှုကို နားလည်ဖို့ အရေးကြီးတဲ့နည်းလမ်းတစ်ခု ဖြစ်တယ်ဟု ကွေ့ကျိုး ဘဏ္ဍရေးနှင့် စီးပွါးရေးတက္ကသိုလ်မှ ဗီယက်နမ်ပညာတော်သင် Vo Thi Qing Shui က ပြောသည်။