၂၆ ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

CRI, June 17, 2024
Size:

ဇွန်လ ၁၅ ရက်နေ့ ညတွင် China Film Administration မှ လမ်းညွှန်ပြီး China Media Group နှင့် ရှန်ဟိုင်းမြို့ ပြည်သူ့အစိုးရတို့ အတူ ဦးစီးကျင်းပသော ၂၆ ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာရုပ်ရှင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ရှန်ဟိုင်းဇာတ်ရုံကြီး၌ ကျင်းပခဲ့ပါသည်။

ယခုနှစ် ရှန်ဟိုင်း နိုင်ငံတကာရုပ်ရှင်ပွဲတော်၏ ဆောင်ပုဒ်မှာ "ရုပ်ရှင်မြို့" ဖြစ်ပါသည်။ အဆိုပါရုပ်ရှင်ပွဲတော်သည် တိုက်ကြီးငါးတိုက်ရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၀၅ ခုမှ ရုပ်ရှင် ၃၇၀၀ ကျော်ကို ယှဉ်ပြိုင်ရန်နှင့် ပြသရန် ဆွဲဆောင်ခဲ့ပါသည်။ ရွေးချယ်ခံရသည့် နိုင်ငံနှင့်ဒေသပေါင်း ၂၉ ခုမှ ရုပ်ရှင် ၅၀ သည် Golden Goblet Awards ၏အဓိက အမျိုးအစားငါးခုအတွက် ဝင်ပြိုင်မည်ဖြစ်ပါသည်။