မြန်မာနိုင်ငံ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မကွေး၊ ရခိုင် စသည့်ပြည်နယ်နှင့် တိုင်းဒေသများမှ တရုတ်-မြန်မာ ချစ်ကြည်ရေးစာသင်ကျောင်း လူငယ်ဆရာ၊ ဆရာမ ၁၇ ဦးသည် မေလ ၂၆ ရက်မှ ဇွန်လ ၄ ရက်အထိ တရုတ်နိုင်ငံ ပေကျင်း၊ ရှန်ဟိုင်းနှင့် ကူမင်းမြို့များသို့ သွားရောက်လည်ပတ်ခဲ့သည်။ ခရီးစဉ်တွင် လူငယ်ဆရာ၊ ဆရာမများ ကိုယ်စားလှယ်အဖွဲ့သည် အဆိုပါမြို့သုံးမြို့ရှိတက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း စာသင်ကျောင်း ၈ ကျောင်း သွားရောက်၍ တရုတ်စာသင်ကျောင်းများ၏အတွေ့အကြုံတွေကို လေ့လာခဲ့သလို ဆရာ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများနှင့် ရင်းရင်းနှီးနှီး ဆွေးနွေးဖလှယ်ခဲ့ကြရာ နှစ်ဖက်စလုံးက နှီးနှောဖလှယ်ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် ဆောင်ရွက်သွားလိုကြောင်း ဖော်ပြခဲ့ကြပါသည်။