၂၀၂၄ခုနှစ်တွင် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့သည် မူးယစ်ဆေးဝါးအတူတိုက်ဖျက်ရေးလှုပ်ရှားမှုကို တရားဝင် စတင်

CRI, June 13, 2024
Size:

ဇွန်လ ၁၃ရက်နေ့က ၂၀၂၄ခုနှစ် “တည်ငြိမ်အေးချမ်းသည့်ရေကြောင်း”ဟူသော မူးယစ်ဆေးဝါးအတူတိုက်ဖျက်ရေးလှုပ်ရှားမှုကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန် မန်စီတွင် စတင်ခဲ့ကြောင်း၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းဌာန၏ တာဝန်ခံများသည် ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းအရ သိရပါသည်။

ယင်းလှုပ်ရှားမှုအတွင်း အဖက်ဖက်မှ ဘက်ပေါင်းစုံစာချုပ်နှင့် မိမိနိုင်ငံ၏ဥပဒေ မူဘောင်အတွင်း မူးယစ်ဆေးဝါးအတူတိုက်ဖျက်ရေး ဆိုင်ရာ ဆက်သွယ်ရန်လမ်းကြောင်း အဟန့်အတားမရှိအောင် အဆင်ပြေစေရန်၊ ပူးပေါင်းဆောင်ရွက်မှု ပုံစံ တိုးပွားစေရန်၊ အရင်းအမြစ်များနှင့် အင်အားများကို ပေါင်းစပ်ညှိနှိုင်းရန်နှင့် ဒေသတွင်း မူးယစ်ဆေးဝါး အတူတိုက်ဖျက်ကြသည့် စုပေါင်းအင်အားကို ရရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။