ဗီယက်နမ်နိုင်ငံ သမ္မတ တိုလမ် သည် ဇွန်လ ၁၁ ရက်နေ့က ဟနွိုင်းမြို့တော်၌ ဗီယက်နမ်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Xiong Bo နှင့် တွေ့ဆုံခဲ့ရာ ဗီယက်နမ် နိုင်ငံသည် တရုတ်နိုင်ငံနှင့်ဆက်ဆံမှု ဖွံ့ဖြိုးစေရေးကို ၎င်း၏ နိုင်ငံခြားရေးမူဝါဒများတွင် မဟာဗျူဟာမြောက် ရွေးချယ်မှုနှင့် ထိပ်တန်းဦးစားပေးမှုအဖြစ် အစဉ်တစိုက် ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
တရုတ် သံအမတ်ကြီး Xiong Bo က တရုတ်နိုင်ငံအနေနှင့် ဗီယက်နမ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံပါတီမှ ထိပ်သီး ခေါင်းဆောင်များ၏ မဟာဗျူဟာလမ်းညွှန်ချက်ကို လိုက်နာပြီး၊ နှစ်ဖက်တို့၏ မဟာဗျူဟာမြောက် ဘုံတူအကျိုးစီးပွားကို ထိန်းသိမ်းကာ၊ တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးလိုကြောင်း ပြောကြား ခဲ့ပါ သည်။