လန်ချန်း-မဲခေါင်နိုင်ငံများမှကိုယ်စားလှယ်များ ဖူအော်ဒေသကို သွားလည်၊ လယ်ယာစိုက်ပျိုးရေးပတ်ဝန်းကျင်ပူးပေါင်းဆောင်ရွက်မှုအလားအလာ ဆွေးနွေး

lmcchina.org, June 7, 2024
Size:

မေလ ၃၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ “၂၀၂၄ လန်ချန်းမဲခေါင်ရက်သတ္တပတ် အစိမ်းရောင် လန်ချန်းမဲခေါင် စီမံကိန်း လုပ်ငန်းစွမ်းဆောင်ရည်တည်ဆောက်ခြင်း အဖော်အဖက်ဆက်ဆံရေး”လှုပ်ရှားမှုသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ကျင်းပခဲ့သည်။ လန်ချန်း-မဲခေါင်နိုင်ငံများမှ အရာရှိနှင့် ပညာရှင် စုစုပေါင်း ၃၀ ကျော်သည် ဖူအော်ဒေသသို့ သွား၍ ဂေဟစနစ် ဆက်တိုက်စီမံအုပ်ချုပ်နိုင်ရေး၊ အစိမ်းရောင် တန်ဖိုးကွင်းဆက်ထူထောင်ခြင်း၊ ရာသီဥတုနှင့် လိုက်လျောညီထွေခြင်းရပ်ကွက်၊ ပတ်ဝန်းကျင်အရည်အသွေးနှင့် ရာသီဥတုပြောင်းလဲရေးကို တစ်ဆက်တည်း စီမံထိန်းသိမ်းခြင်း စသောခေါင်းစဉ်များကို လေ့လာခဲ့သည်။

လယ်ယာစိုက်ပျိုးရေးသည် လူသားများ၏ အဓိကစားနပ်ရိက္ခာ ထုတ်ပေးသော အရင်းအမြစ် ဖြစ်သည့်အပြင် လယ်ယာစိုက်ပျိုးရေးမှတစ်ဆင့် ရာသီဥတုပြောင်းလဲရေးကို ရင်ဆိုင်သည့် နည်းလမ်းများကိုလည်း ရှာဖွေနိုင်သည်ဟု မြန်မာနိုင်ငံ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဆန်းဦးက ပြောကြားသည်။ လန်ချန်း-မဲခေါင်နိုင်ငံများသည် လယ်ယာစိုက်ပျိုးရေးပတ်ဝန်းကျင်လုပ်ငန်းတွင် ပိုမိုနီးကပ်စွာ ပူး‌ပေါင်းဆောင်ရွက်ပြီး အတွေ့အကြုံများကို အပြန်အလှန် မျှဝေ၍ စားနပ်ရိက္ခာ လုံခြုံရေးကို အာမခံကာ လယ်ယာစိုက်ပျိုးရေးအလားအလာကို ချဲ့ထွင်ရသည်။

ဤတစ်ကြိမ် ယူနန်ပြည်နယ်တွင် ကော်ဖီစိုက်ပျိုးရေးနှင့် အချောကိုင်ထုတ်လုပ်ရေးကို ကောင်းမွန်စွာ ပြုလုပ်ခြင်းကို တွေ့ရသည့်အပြင် သက်ဆိုင်ရာလုပ်ငန်းများက ‌ကော်ဖီထုတ်လုပ်ရာ ထွက်လာသော စွန့်ပစ်ပစ္စည်းနှင့် စွန့်ပစ်ရေတို့ကို သိပ္ပနည်းကျစွာ ကိုင်တွယ်ဖြေရှင်းခြင်းကိုလည်း လေ့လာရ၍ ဤကဲ့သို့ ပတ်ဝန်းကျင် မထိခိုက်သော ကော်ဖီထုတ်လုပ်မှုအတွေ့အကြုံတွေကို လာအိုနိုင်ငံသို့ မိတ်ဆက်ပေးမည်ဟု လာအိုနိုင်ငံ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်သုတေသနဌာနမှ ဌာနမှူးက ပြောကြားသည်။