
ဇွန်လ ၃ ရက်နေ့က စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၁.၅ ဘီလီယံ ဖြစ်ပြီး တည်ဆောက်မှု ဧရိယာ စတုရန်းမီတာ ၁ သိန်း ၁ သောင်းကျော် ကျယ်ဝန်းသော China Eastern Airlines နိုင်ငံတကာ လေကြောင်းပြုပြင်မွမ်းမံခြင်းဝန်ဆောင်မှုပလက်ဖောင်းပရောဂျက်ကို ရှန်ဟိုင်းမြို့ ယမ်ရှမ်းအထူး အထွေထွေ အခွန်ကင်းလွတ်ရေး ဇုန်တွင် တရားဝင် စတင် တည်ဆောက်ခဲ့ သည်။
ပရောဂျက်တည်ဆောက်မှု၏ ဗဟိုချက်မအနေဖြင့် Hangar No.1 သည် အာရှတိုက်တွင် အကြီးဆုံးသော Hangar ခန်းမဆောင် ရှိပြီး ခန်းမဆောင်၏အရှည် ၃၁၆ မီတာ နှင့် အနက် ၁၄၆ မီတာ ဖြစ်ကာ ပြုပြင်ထိန်းသိမ်းရန်အတွက် ကိုယ်ထည်ကျယ်သော လေယာဉ် ၉ စင်းကို တစ်ချိန် တည်း ထားရှိနိုင်မည် ဖြစ် သည်။