၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စန်းတုန်းပြည်နယ် ဇိကျောက်မြို့ကို သွားရောက် လေ့လာကြည့်ရှုခဲ့သည်။ ရှီကျင့်ဖိန်သည် ဇိကျောက်ဆိပ်ကမ်းကို ဦးစွာရောက်ရှိပြီး ဒေသခံ ဆိပ်ကမ်း စမတ်ကျခြင်း၊ အစိမ်းရောင်တည်ဆောက်ရေးနှင့် တံခါးဖွင့်ရေး တိုးချဲ့ခြင်းအကြောင်းများကို လေ့လာခဲ့သည်။ ဇိကျောက်ဆိပ်ကမ်းသည် ၁၉၈၂ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပါသည်။ ယခုနှစ်များတွင် ဇိကျောက်ဆိပ်ကမ်းသည် စမတ်ကျခြင်းနှင့် အစိမ်းရောင်တည်ဆောက်ခြင်းကို တွန်းအားပေးပြီး ကမ္ဘာ့ပထမဆုံးသော ကမ်းရိုးတန်းတစ်လျှောက် အိုးပင်း အော်တိုမက်တစ် ကွန်တိန်နာဆိပ်ကမ်းကို တည်ဆောက်ခဲ့သည်။