၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တာ့လီ မာရသွန်ပြိုင်ပွဲ ကျင်းပ

lmcchina.org, May 24, 2024
Size:

၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တာ့လီ မာရသွန်ပြိုင်ပွဲကို မေလ ၁၉ ရက်နေ့၌ ကျင်းပခဲ့ရာ နိုင်ငံနှင့် ဒေသပေါင်း ၂၃ ခုမှ လက်ရွေးစင် ၁၅၇၀၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင်  မာရသွန်(၄၂.၁၉၅ ကီလိုမီတာ)၊ မာရသွန်တစ်ဝက်(၂၁.၀၉၇၅ ကီလိုမီတာ)၊ မာရသွန် တစ်သက်သာအချစ်ခရီး(၅.၂ ကီလိုမီတာ)၊ ပျော်ပျော်ပါးပါးပြေးကစား(၅.၂ ကီလိုမီတာ)၊ မိသားစုအပြေးပြိုင်ပွဲ(၂ ကီလိုမီတာ)စသည့်ပြိုင်ပွဲ ၅ ခု ပါဝင်ပြီး ၎င်းအထဲတွင် မာရသွန်ပြိုင်ပွဲဝင် ၂၀၀၀၊ မာရသွန်တစ်ဝက်ပြိုင်ပွဲဝင် ၆၅၀၀၊ မာရသွန်တစ်သက်သာအချစ်ခရီးတွင် ပြိုင်ပွဲဝင် ၆၀၀၊ ပျော်ပျော်ပါးပါးပြေးကစား မာရသွန်တွင် ပြိုင်ပွဲဝင် ၃၃၀၀ နှင့် မိသားစုအပြေးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၃၃၀၀ ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

မာရသွန်ပြိုင်ပွဲဝင်များ ပြေးပြိုင်နေစဉ် တာ့လီ၏ လှပသော ရှုခင်းနှင့် သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များကို ခံစားနိုင်စေရန်အလို့ငှာ အဆိုပါပြိုင်ပွဲလမ်းကြောင်းကို အယ်ဟိုင်ရေကန်ဂေဟဗေဒစင်္ကြံ၊ လုံခန်းရှေးဟောင်းကူးတို့ဆိပ်၊ ချုန်ရှိန့်ကျောင်း စေတီသုံးဆူ၊ တာ့လီရှေးဟောင်းမြို့ စသည့် အခြားလှပသောရှုခင်းများနှင့် ရှေးဟောင်းသမိုင်းဝင်နေရာများနှင့် ချိတ်ဆက်ထားသည်။  ပြိုင်ပွဲလမ်းကြောင်းတစ်လျှောက် လန်ချန်း-မဲခေါင်နိုင်ငံခြောက်နိုင်ငံ၏ ဝိသေသလက္ခဏာများဖြင့် ဆောင်ရွက်ထားသည့် ထောက်ပံ့ရေးဂိတ်များနှင့်အတူ အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ဖြတ်သန်းသွားရမည့် ဂိတ်များ ရှိရာ လန်ချန်း-မဲခေါင်နိုင်ငံခြောက်နိုင်ငံ၏ ဓလေ့ထုံးစံများနှင့် တာ့လီ၏ထူးခြားသောဆွဲဆောင်မှုကို အပြည့်အဝပြသထားသည်။

အဆိုပါပြိုင်ပွဲအခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံရှိကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်သံရုံးများ၊ ကူမင်းမြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးများနှင့် ကူမင်းမြို့ရှိ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံခြားအေဂျင်စီများမှ တာဝန်ရှိသူများ တက်ရောက်ရန် ဖိတ်ကြားထားသည်။ တစ်ချိန်တည်းတွင်ပင် လန်ချန်း-မဲခေါင်ခြောက်နိုင်ငံမှ လူငယ်ကိုယ်စားလှယ်များကိုလည်း အားကစားနှင့် ယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပရန် ဖိတ်ကြားခဲ့သည်။