မေလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီးဌာန ဝန်ကြီး လက်ထောက် Zhao shi tong ဦးဆောင်သည့် တရုတ်ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖွဲ့ သည် ဗီယက်နမ်နိုင်ငံသို့ ခရီး လှည့်လည်ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။
နှစ်ဖက်တို့သည် တရုတ်၊ ဗီယက် နှစ်နိုင်ငံပါတီအကြားဆက်ဆံမှု၊ နှစ်နိုင်ငံ ဆက်ဆံမှုနှင့် အတူတကွအလေးထားကြသည့် ပြဿနာများနှင့် စပ်လျဉ်း၍ နက်နဲစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်တို့ ရရှိခဲ့သော အရေးကြီး သဘော တူညီမှုများကို အတူတကွအကောင်အထည်ဖော်ဆောင်ပြီး မဟာဗျူဟာမြောက် ဆက်ဆံမှု၊ ဖလှယ်မှုနှင့် အပြန်အလှန် သင်ယူမှုကို အားဖြည့် ဆောင်ရွက်ကာ နယ်ပယ် အသီးသီး၌ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်၍ မဟာဗျူဟာအရ အရေးပါသော တရုတ်-ဗီယက်နမ် ကံကြမ္မာတူအသိုက်အဝန်း လက်တွဲတည်ဆောက် သင့်သည်ဟု နှစ်ဖက်တို့ တစ်ညီတစ်ညွတ်တည်း ယူဆကြကြောင်း သိရပါသည်။