၂၀၂၄ခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံတစ်နိုင်ငံလုံး အဝေးပြေးကားလမ်း ကုန်စည် သယ်ယူပို့ဆောင်မှုပမာဏမှာ တန်ချိန် ၉ဘီလီယံကျော် ရှိပြီး ၂၀၂၃ခုနှစ် အလားတူ အချိန်ပိုင်းကထက် ၅.၁ရာခိုင်နှုန်း တိုးများလာခဲ့ကြောင်း၊ ရေကြောင်း ကုန်စည် သယ်ယူပို့ဆောင်မှု ပမာဏမှာ တန်ချိန် ၂ဘီလီယံကျော် ရှိပြီး ၂၀၂၃ခုနှစ် အလားတူ အချိန်ပိုင်းကထက် ၇.၉ရာခိုင်နှုန်း တိုးများလာခဲ့ကြောင်း၊ ဆိပ်ကမ်းများတွင် ကုန်တင်ကုန်ချ ပမာဏမှာ တန်ချိန် ၄ဘီလီယံကျော်ရှိပြီး ၂၀၂၃ခုနှစ် အလားတူအချိန်ပိုင်းကထက် ၆.၁ရာခိုင်နှုန်း တိုးများလာခဲ့ကြောင်း၊ ဆိပ်ကမ်းများတွင် ကုန်သေတ္တာ ကုန်တင်ကုန်ချ ပမာဏမှာ သေတ္တာအလုံးရေ ၇၆သန်းကျော် ရှိပြီး ၂၀၂၃ခုနှစ် အလားတူအချိန်ပိုင်းကထက် ၁၀ရာခိုင်နှုန်း တိုးများလာခဲ့ကြောင်း တရုတ်လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင် ရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်စာရင်းအရ သိရပါသည်။
ခရီးသည်ပို့ဆောင်မှုဘက်တွင် ၂၀၂၄ခုနှစ် ပထမသုံးလပတ်တွင် မော်တော်ကားလမ်း ခရီးသည်ဦးရေ ၁၅ဘီလီယံကျော်ကိုပို့ဆောင်ခဲ့ပြီး ၂၀၂၃ခုနှစ် အလားတူ အချိန်ပိုင်းကထက် ၉ရာခိုင်နှုန်း တိုးများလာခဲ့ကြောင်း၊ ရေကြောင်း ခရီးသည်ဦးရေ ၅၆သန်း ကျော်ကို ပို့ဆောင်ခဲ့ပြီး ၂၀၂၃ခုနှစ် အလားတူအချိန်ပိုင်းကထက် ၁၀.၁ရာခိုင်နှုန်း တိုးများလာခဲ့ ကြောင်း သတင်းအရ သိရပါသည်။