တရုတ်-လာအိုရထားလမ်း ”လန်ချန်း-မဲခေါင် အမြန်ရထားပြေးဆွဲမှု”က ထိရောက်သော နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေးအတွက် စံသတ်မှတ်ချက်အသစ် ဖန်တီး

lmcchina.org, April 26, 2024
Size:

တရုတ်-လာအိုရထားလမ်းသည် ကုန်တင်ရထားများကို "လူစီးရထား" ဖြစ်မြောက်အောင် မြှင့်တင်ရာတွင် သိသာထင်ရှားသည့်ရလဒ်များ ရရှိခဲ့သည်။ မတ်လ ၂၅ ရက်အထိ တရုတ်-လာအိုရထားလမ်း ”လန်ချန်း-မဲခေါင် အမြန်ရထား‌ပြေးဆွဲမှု” နိုင်ငံတကာကုန်တင်ရထားသည် စုစုပေါင်းရထားအစင်းရေ ၁၀၀၀ ကျော် ကုန်ပစ္စည်းတန်ချိန်ပေါင်း ၃၉၅၀၀၀ ရှိသည်။

ယင်းရထားသည် တရုတ်နိုင်ငံ ကူမင်းမြို့နှင့် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့အကြားတွင် ဂိတ်စဂိတ်ဆုံး ဘူတာပုံသေသတ်မှတ်ထားသဖြင့် ကုန်ပစ္စည်းများကို ပို့ဆောင်မည့်နေရာသို့ တိကျထိရောက်စွာ ရောက်ရှိအောင် ပို့ဆောင်နိုင်သလို ရထားထွက်ခွာချိန်နှင့် ဆိုက်ရောက်ချိန်ဇယားများကို အတိအကျ လိုက်နာကာ အချိန်မှန်ထွက်ခွာအောင်၊ ဆိုက်ရောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ပုံသေလမ်းကြောင်းများအတိုင်း တရုတ်-လာအိုနယ်စပ်ကို ကုန်စည်များကို တည်ငြိမ်ဘေးကင်း၊ လုံခြုံစွာ ဖြတ်ကျော်နိုင်ခဲ့သည်။ အဆိုပါရထားအစင်းတိုင်းတွင် ရထားနံပါတ်ပါရှိရာကုန်ပစ္စည်းများ၏ တည်နေရာကို လွယ်ကူအဆင်ပြေစွာ အချိန်နှင့်တစ်ပြေးညီ မေးမြန်းစုံစမ်းနိုင်ပါသည်။

တရုတ်-လာအိုရထားလမ်း ”လန်ချန်း-မဲခေါင် အမြန်ရထားပြေးဆွဲမှု” ပုံသေဘူတာ၊ ပုံသေအချိန်၊ ပုံသေလမ်းကြောင်း၊ ပုံသေရထားနံပါတ်ရှိခြင်းစသည့်ထူးခြားချက်များသည် နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် စံသတ်မှတ်ချက်အသစ် ဖြစ်စေသည်။ ၎င်းသည် ပို့ဆောင်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကိုလည်း လျှော့ချပေးရုံသာမက တရုတ်နှင့် လာအိုနှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးကို အားကောင်းစေပြီး တရုတ်နှင့် အာဆီယံနိုင်ငံများကြား ကုန်သွယ်မှုကို တွန်းအားပေးခဲ့သည်။ အနာဂတ်တွင် "လန်ချန်း-မဲခေါင် အမြန်ရထားပြေးဆွဲမှု"၏ဝန်ဆောင်မှုကို စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်အောင် ချဲ့ထွင်လာသည်နှင့်အမျှ ၎င်းက နိုင်ငံတကာ ပို့ဆောင်ရေးနယ်ပယ်တွင် ပိုမိုအရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အားသစ်လောင်းပေးမည်ဟု ယုံကြည်ပါသည်။