ဧပြီလ ၁၄ ရက်နေ့တွင် လန်ချန်း-မဲခေါင်နိုင်ငံမှ လာကြသောသတင်းထောက် ၂၀ ဦးကျော်သည် ကမ္ဘောဒီးယားနိုင်ငံ Siem Reap တွင် သင်္ကြန်ပွဲတော်(ကမ္ဘောဒီးယားနှစ်သစ်)နှင့်ပတ်သက်ပြီး သတင်းကောက်မှုလုပ်ငန်းကို စတင်ပြုလုပ်သည်။
ဤတစ်ကြိမ်လှုပ်ရှားမှုသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ၏ထောက်ပံ့မှုကို ရရှိ၍ ဧပြီလ ၁၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ ပွဲကျင်းပသောကာလတွင် သတင်းထောက်များသည် ကမ္ဘောဒီးယား ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဖြစ်သော Angkor Wat ကို လည်ပတ်ကြည့်ရှု၍ သင်္ကြန်ပွဲတော်သို့လည်း ပါဝင်ဆင်နွှဲကြသည်။ ကမ္ဘောဒီးယား၏သမိုင်း၊ ယဉ်ကျေးမှုနှင့် ပွဲတော်နေ့ကိုလည်း လေ့လာရသည်။
ဤတစ်ကြိမ်လှုပ်ရှားမှုသည် လန်ချန်း-မဲခေါင်နိုင်ငံများမှ သတင်းထောက်များ ကမ္ဘောဒီးယားနိုင်ငံ၏ ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှု ပိုမိုနားလည်လာရန် ရည်ရွယ်ထားပြီး သတင်းထောက်များ၏ ဖော်ပြချက်များဖြင့် လန်ချန်း-မဲခေါင်ဒေသ၏ ကြာရှည်သောသမိုင်းနှင့် ထွန်းပြောင်သော ယဉ်ကျေးမှုအား နိုင်ငံအသီးသီးမှ ပရိသတ်များ သိရှိလာစေရန် တိုက်တွန်းကြောင်း ကမ္ဘောဒီးယားနိုင်ငံ မီဒီယာဝန်ကြီးဌာနမှ ဒုတိယ နိုင်ငံရေးရာအတွင်းရေးမှူး ဟာစန်အာက ပြောကြားသည်။ ဤနှစ်သည် “တရုတ်-ကမ္ဘောဒီးယား လူမှုရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေးနှစ်” ဖြစ်သည့်အပြင် “တရုတ်-အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေးနှစ်”လည်း ဖြစ်ကြောင်း၊ သတင်းထောက်များ၏ သတင်းဖော်ပြချက်များသည် လန်ချန်း-မဲခေါင် ၆ နိုင်ငံချင်း လူမှုရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးကို တွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ Siem Reap ရုံးမှ တာဝန်ရှိသူ Lu Qizhi က ပြောကြာသည်။