ASEAN Media Partners (AMP) “China Up Close” Hainan Tour & Visual Exhibition ကို စန်းရာ့မြို့၌ စတင်ဖွင့်လှစ်

CRI, April 23, 2024
Size:

China Media Group မှ ကြီးမှူးကျင်းပသည့် ASEAN Media Partners (AMP) “China Up Close” Hainan Tour & Visual Exhibition ကို ဧပြီလ ၂၃ ရက်နေ့က စန်းရာ့မြို့တွင် စတင်ဖွင့်လှစ်ကျင်းပပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ CMG ၏ CGTN ၊ CMG ဟိုင်နန်ရုံးချုပ်၊ ဟိုင်နန် ပြည်နယ် ပါတီကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန နှင့် ဟိုင်နန်အခြေစိုက် ဗဟိုမီဒီယာ အဖွဲ့ အစည်းတို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံ ၉ နိုင်ငံ၏ ပင်မ မီဒီယာ ၁၁ ခုမှ သတင်းထောက်များ တက်ရောက်ခဲ့ ကြသည်။

“China Up Close” သည် CMG ၏ CGTN မှထုတ်လုပ်သော မီဒီယာ လှုပ်ရှားမှုများ ဖြစ်ပြီး ဟိုင်နန်ခရီးစဉ်သည် လှုပ်ရှားမှုများ၏ ပထမဆုံးအကြိမ် ဖြစ်ပါသည်။ ဧပြီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ CMG နှင့် အင်ဒိုနီးရှား၊ ထိုင်း၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ မလေးရှား စသည့် အာဆီယံ ၉ နိုင်ငံမှ ပင်မမီဒီယာ ၁၁ ခုဖြင့် ဖွဲ့စည်းထားသော လူဦးရေ ၅၀ ကျော် ပါဝင်သည့် ပြည်တွင်းပြည်ပ သတင်းထောက်အဖွဲ့သည် ဟိုင်နန်ကျွန်းပတ် ခရီးသွား လမ်းမ ကြီး တစ်လျှောက် စန်းရာ့၊ လိန်ဆွေ၊ ဝမ့်နင်၊ ချုံဟိုင် နှင့် ဟိုင်ခို စသည့်နေရာများသို့ သွား ရောက်ကာ ခရီးစဉ်တစ်လျှောက် အင်တာဗျူးများ ပြုလုပ်ပြီး ယင်းပေါင်းစပ် မီဒီယာ အစီ အစဉ် ကို အာဆီယံနိုင်ငံများမှ မီဒီယာပလက်ဖောင်းများတွင် ထုတ်လွှင့် သွားမည် ဖြစ် သည်။

ထိုနေ့တွင် စတင်ဖွင့်လှစ်သော ASEAN Media Partners (AMP) “China Up Close” Hainan Tour & Visual Exhibition တွင် လတ်တလောနှစ်များအတွင်း တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ ပင်မမီဒီယာများ ပူးပေါင်းထုတ်လုပ်ပြသခဲ့သော ထူးချွန်ရုပ်သံ လက်ရာ များကို တစ်စုတစ်စည်းတည်း ပြသခဲ့ပြီး ASEAN Media Partners (AMP) “China Up Close” အစီအစဉ်မှ ထုတ်လုပ်သော ပေါင်းစပ်မီဒီယာအစီအစဉ်များကိုလည်း ရှေ့ဆင့်နောက်ဆင့် ပြသသွားမည်ဖြစ်ပါသည်။