၂၅ကြိမ်မြောက် တရုတ် (Shou Guang) နိုင်ငံတကာ ဟင်းသီးဟင်းရွက် သိပ္ပံနှင့် နည်းပညာ ကုန်စည် ပြပွဲကျင်းပ

CRI, April 22, 2024
Size:

ဧပြီလ ၂၀ ရက်နေ့တွင် ၂၅ကြိမ်မြောက် တရုတ် (Shou Guang) နိုင်ငံတကာ ဟင်းသီးဟင်းရွက် သိပ္ပံနှင့် နည်းပညာ ကုန်စည်ပြပွဲကို “အစိမ်းရောင်၊ သိပ္ပံနည်းပညာ၊ အနာဂတ်” ဆောင်ပုဒ်ဖြင့် စန်းတုန်းပြည်နယ် Shou Guang မြို့ရှိ ဟင်းသီးဟင်းရွက် အဆင့်မြင့်နည်းပညာ စံပြဇုန်တွင် စတင်ကျင်းပခဲ့ပါသည်။

ယခု အကြိမ် ပြပွဲ၏ အဓိက ပြသဇုန် စုစုပေါင်းအကျယ်အဝန်းသည် ၄သိန်း ၅သောင်း စတုရန်းမီတာရှိပြီး ပြခန်း ၁၀ခန်း၊ နေရောင်ခြည်စွမ်းအင်သုံး ဖန်လုံအိမ်စိုက်ပျိုးမှုဇုန်၊ ဟင်းသီးဟင်းရွက်ပြတိုက်၊ အပန်းဖြေစိုက်ပျိုးခြံနှင့် ပြင်ပပြသဇုန်တို့ ပါဝင်ပါသည်။