၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တာ့လီ မာရသွန်ပြိုင်ပွဲ ကျင်းပမည် ဖြစ်

lmcchina.org, April 19, 2024
Size:

၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တာ့လီ မာရသွန်ပြိုင်ပွဲကို မေလ ၁၉ ရက်နေ့၌ ယူနန်ပြည်နယ် တာ့လီ(ပိုင်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ပြည်နယ်ခွဲ တာ့လီမြို့တွင် ကျင်းပမည် ဖြစ်ပါသည်။

ယခုအကြိမ် မာရသွန်တွင် ယူနန်နှင့် လန်ချန်း-မဲခေါင်မြစ်ဝှမ်းရှိနိုင်ငံများအကြား အပြန်အလှန်ဖလှယ်မှု၊ ပေါင်းစည်းမှုနှင့် ပြည်သူချင်းစိတ်ချင်းချိတ်ဆက်ရေးကို တက်ကြွစွာ မြှင့်တင်ရန်အတွက် တာ့လီ- အန်ကောဝပ် မာရသွန် ညီနောင်မြို့များ ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးပွဲအခမ်းအနား၊ လန်ချန်း-မဲခေါင် ”ကြီးကျယ်ခမ်းနားသောမိတ်စုံစားပွဲ”အရသာစုံလင်ခရီးစဥ်၊ မာရသွန်လှုပ်ရှားမှုများကို ကျင်းပရန် စီစဥ်ထားသည်။

အဆိုပါပြိုင်ပွဲတွင်  မာရသွန်(၄၂.၁၉၅ ကီလိုမီတာ)၊ မာရသွန်တစ်ဝက်(၂၁.၀၉၇၅ ကီလိုမီတာ)၊ တစ်သက်သာအချစ်ခရီး(၅.၂ ကီလိုမီတာ)၊ ပျော်ပျော်ပါးပါးပြေးကစား(၅.၂ ကီလိုမီတာ)၊ မိသားစုအပြေးပြိုင်ပွဲ(၂ ကီလိုမီတာ)စသည့်ပြိုင်ပွဲ ၅ ခု ပါဝင်ပြီး ပြိုင်ပွဲဝင်ပေါင်း ၁၅၀၀၀ ပါဝင်ယှဥ်ပြိုင်မည်။ ယခုနှစ်ပြိုင်ပွဲသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုနိုင်ငံများမှ ထူးချွန်သောအားကစားသမားများနှင့် ပညာတော်သင်များ ပါဝင်ရန် ဆက်လက်ဖိတ်ခေါ်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာတစ်ဝှမ်းမှ အပြေးဝါသနာရှင်များအတွက် အမျိုးစားစုံးလင်သော ပွဲအတွေ့အကြုံများကို ခံစားစေနိုင်ရန် "လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တာ့လီ မာရသွန်" သည် "အန်ကောဝပ်မင်းဆက် မာရသွန်"နှင့် ပူးပေါင်းကာ နိုင်ငံတကာ "ညီနောင်မြို့ပြိုင်ပွဲ"ကို ဖန်တီးသွားမည် ဖြစ်သည်။