ဧပြီလ ၁၇ ရက်နေ့သည် ၁၃၅ ကြိမ်မြောက်ကွမ်တုန်းကုန်စည်ပြပွဲ၏ တတိယမြောက်နေ့ဖြစ်သည်။ ယခုအကြိမ် ကွမ်ကျိုးကုန်စည်ပြပွဲတွင် ပါဝင်ပြသသောကုမ္ပဏီများသည် အလယ်အလတ် ကုန်စည်(Intermediate good)များနှင့် အရင်းကုန်ပစ္စည်း(capital goods)များ ပိုမိုသယ်ဆောင်လာကာ အလယ်အလတ်ကုန်စည် ကုန်သွယ်မှုကို ချဲ့ထွင်ခြင်းဖြင့် နိုင်ငံခြားကုန်သွယ်မှုအတွက် တွန်းအားသစ်များ ဖော်ဆောင်ပေးပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာလာစေပါသည်။