၂၀၂၄ခုနှစ် ပထမ၃လပတ်တွင် စက်မှုလုပ်ငန်းစီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ သည်ဟု တရုတ်စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဆို

CRI, April 18, 2024
Size:

ဧပြီလ ၁၈ရက်နေ့တွင် ကျင်းပသော တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေး ရုံး၏ သတင်းစာရှင်းလင်းပွဲတွင် တရုတ်စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာန ဒုတိယဝန်ကြီး Shan Zhongde သည် ၂၀၂၄ခုနှစ် ပထမ၃လပတ်တွင် တရုတ်နိုင်ငံ၏ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ရှင်းလင်းပြောကြားခဲ့ပါသည်။ Shan Zhongde က ၂၀၂၄ခုနှစ် ပထမ၃လပတ်၏ ထူးခြားချက်မှာ တရုတ်နိုင်ငံ၏ စက်မှုစီးပွားရေးသည် လျင်မြန်စွာ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်လာပြီး အောင်မြင်မှုများ ရရှိခဲ့သဖြင့် ခြုံပြီးပြောလျှင် ကောင်းမွန်သော အစပြုမှုကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း၊ အသေးစိတ်ဆိုလျှင် စက်မှုစီးပွားရေး လည်ပတ်မှု ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခြင်း၊ စက်မှုလုပ်ငန်းသစ်ဖြစ်လာအောင် အရှိန် မြင့်တင်လာခြင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး လုပ်ငန်းများ ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခြင်း၊ စီးပွားရေးပတ်ဝန်းကျင် ကောင်းမွန်တိုးတက်လာခြင်းတို့ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။