တရုတ်-လာအိုမီးရထားလမ်း နိုင်ငံတကာခရီးသည်တင်ရထား ပြေးဆွဲမှု ၁နှစ် ပြည့်မြောက်

CRI, April 12, 2024
Size:

    ဧပြီလ၁၃ရက်နေ့သည် တရုတ်-လာအိုမီးရထားလမ်း နိုင်ငံတကာခရီးသည်တင်ရထား စတင်ပြေးဆွဲခဲ့သည့် ၁နှစ်ပြည့်မြောက်သည့်နေ့ ဖြစ်ပါသည်။ လွန်ခဲ့သည့် ၁နှစ်အတွင်းတွင် တရုတ်နိုင်ငံ Mohan နယ်စပ်စစ်ဆေးရေးစခန်းသည် နိုင်ငံတကာခရီးသည်တင်ရထား ၇၀၀ကျော်ကိုစစ်ဆေးခဲ့ရာ နိုင်ငံနှင့်ဒေသ ၈၃ခုမှ ပြည်ဝင်ပြည်ထွက်ခရီးသည် ၂သောင်း ၈ထောင်ကျော်အပါအဝင် ပြည်ဝင်ပြည်ထွက်ခရီးသည် ၁သိန်း၈သောင်းကျော်ကို အကောက်ခွန်ဌာန ဖြတ်သန်းမှုအတွက် အာမခံပေးခဲ့ပါသည်။