၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသီးသန့်ရန်ပုံငွေမှ ထိုင်းနိုင်ငံစီမံကိန်းများအား စတင်ဖွင့်လှစ်

lmcchina.org, April 12, 2024
Size:

ထိုင်းနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပူးတွဲကျင်းပသော “၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသီးသန့်ရန်ပုံငွေမှ ထိုင်းနိုင်ငံ စီမံကိန်း” စတင်ဖွင့်လှစ်ခြင်းအခမ်းအနားနှင့် “လန်ချန်း-မဲခေါင် ရက်သတ္တပတ်” အခမ်းအနားကို ဧပြီလ ၅ ရက်နေ့တွင် ကျင်းပခဲ့သည်။

 

Mr. Hang zhiqiang နှင့် Busadee သည် ၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသီးသန့်ရန်ပုံငွေမှ ထိုင်းနိုင်ငံစီမံကိန်းကို ဖွင့်လှစ်နေစဥ်

 

ထိုင်းနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံသံရုံးမှ သံအမတ်ကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးမှ ကိုယ်စားလှယ်၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စီမံကိန်းဖော်ဆောင်သည့်ဌာနများမှ အရာထမ်း စုစုပေါင်း ၁၀၀ နီးပါး အထက်ပါအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

ထိုင်းနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Hang zhiqiang မိန့်ခွန်း ပြောကြားရာတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စတင်ခြင်း ၈ နှစ်အတွင်းတွင် စီးပွားရေးတိုးတက်စေခြင်း၊ လူမှုနေထိုင်ရေးအခြေအနေ တိုးမြှင့်ခြင်း၊ ရေအရင်းအမြစ် ကာကွယ်ခြင်းနှင့် စနစ်တကျအသုံးပြုခြင်း၊ တရားဥပဒေစိုးမိုးခြင်း၊ လူမှုရေးနှင့် ယဉ်ကျေးမှုဖလှယ်ခြင်း စသောနယ်ပယ်တွင် အောင်မြင်မှုများစွာ ရရှိကြောင်း၊ ယခုထက်ထိ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေတွင် ထိုင်းနိုင်ငံ ပါဝင်ဆောင်ရွက်သည့်ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၂၀ ရှိပြီး ဤတစ်ခါတွင် ထိုင်းနိုင်ငံအတွက် စီမံကိန်း ၁၈ ခု စီစဉ်ပေးသည် ဖြစ်ကြောင်း၊ ပိုမိုတည်ငြိမ်ပြီး ပိုမိုသာယာဝပြောသော၊ ဆက်တိုက်ဖွံ့ဖြိုးနိုင်သော တရုတ်-ထိုင်း အေးအတူ ပူအမျှ အသိုက်အဝန်း ထူထောင်နိုင်ရန်၊ ပိုမိုကောင်းမွန်လှပသော လန်ချန်း-မဲခေါင်ဒသကို ထူထောင်နိုင်ရန် တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံနှင့် လက်တွဲကြိုးပမ်းမည် ဖြစ်ကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Busadee သည် ဤနှစ်တွင် ထိုင်းနိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်၍ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း ဆက်လက်ပြီး တက်ကြွစွာ တိုးတက်စေရန်၊ ကိုဗစ်နှောင်းပိုင်း လန်ချန်း-မဲခေါင်ဒေသ လျန်မြန်စွာ ပြန်လည်ဖွံ့ဖြိုးလာစေရန်၊ ဒေသတွင်း သာယာဝပြောမှုနှင့် ဆက်တိုက်ဖွံ့ဖြိုးရေး ရှိစေရန်  လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသမှ နိုင်ငံများနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။