တရုတ်ပြည်သူ့ဘဏ်ဥက္ကဋ္ဌ Pan Gongsheng သည် ကန်ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက် ရယ်လန် နှင့် တွေ့ဆုံ

CRI, April 9, 2024
Size:

ဧပြီလ ၈ရက်နေ့က တရုတ်ပြည်သူ့ဘဏ်ဥက္ကဋ္ဌ Pan Gongsheng သည် တရုတ်နိုင်ငံ တွင် အလည်အပတ် ရောက်ရှိနေသည့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက်ရယ်လန် နှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်ဦးနှစ်ဖက်တို့သည် စီးပွားရေးနှင့် ငွေရေး ကြေးရေးအခြေအနေ၊ ငွေကြေးမူဝါဒ၊ ငေွရေးကြေးရေးတည်ငြိမ်မှု၊ ဆက်တိုက်ဖွံ့ဖြိုး တိုးတက်နိုင်သော ငွေရေးကြေးရေး၊ နိုင်ငံတကာငွေရေးကြေးရေး စီမံခန့်ခွဲရေးစသည့် အတူတကွအလေးထားကြသော စီးပွားရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ တရုတ်ပြည်သူ့ဘဏ် ဒုတိယဥက္ကဋ္ဌ Xuan Changneng သည်လည်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ ကြောင်း သတင်းအရ သိရှိရသည်။