၂၀၂၄ ခုနှစ် တရုတ်-အာဆီယံ လူငယ်ယဉ်ကျေးမှုရက်သတ္တပတ်တွင် လန်ချန်း-မဲခေါင် လူငယ်ချစ်ကြည်ရေးသံတမန်များအား ကြိုဆို

lmcchina.org, April 2, 2024
Size:

၂၀၂၄ ခုနှစ် တရုတ်-အာဆီယံ လူငယ်ယဥ်ကျေးမှုရက်သတ္တပတ်ကို ပေကျင်းတက္ကသိုလ်တွင် မတ်လ ၂၈ ရက်နေ့က စတင်ကျင်းပခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားကို “ကောင်းခြင်းမင်္ဂလာများအား အတူမျှဝေခံစားရေးနှင့် ယဥ်ကျေးမှု အပြန်အလှန် ဖလှယ်ရေးလှုပ်ရှားရေး လူငယ်များ၏ဆောင်ရွက်ချက်” ဟူသောခေါင်းစဥ်ဖြင့် ပညာရပ်ဖလှယ်ခြင်းနှင့် ယဥ်ကျေးမှုဖလှယ်ခြင်း စသောလှုပ်ရှားမှုများကို ဆောင်ရွက်ကြမည် ဖြစ်သည်။ ထိုသို့ဆောင်ရွက်သည့်ရည်ရွယ်ချက်မှာ တရုတ်-အာဆီယံ လူငယ်လူရွယ် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရန်အတွက်လည်းကောင်း၊ လူငယ်များ၏စွမ်းအားဖြင့် တရုတ်-အာဆီယံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တစ်ဆင့်တိုး တွန်းအားပေးရန်အတွက်လည်းကောင်း ရည်ရွယ်ခြင်းဖြစ်သည်။

 လာအို မိန်းကလေး Thepmoukda Phetsalath က ကျွန်မ မည်ကဲ့သို့ တရုတ်ဇာတ်လမ်းတွဲကြည့်ပြီး တရုတ်စီးပွားရေးလုပ်ငန်း စိတ်ဝင်စားလာကြောင်း ပြောကြားစဉ်

 

ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံ စသည့် လန်ချန်း-မဲခေါင်နိုင်ငံများမှ လူငယ်များက တရုတ်အစိုးရပိုင်လုပ်ငန်းများ ဒေသစီမံကိန်းတည်ဆောက်မှုတွင် ပါဝင်ဆောင်ရွက်ပုံ၊ တရုတ်နှင့် မိမိတို့နိုင်ငံ ပြည်သူများအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းပုံ၊ ယဉ်ကျေးမှုပေါင်းစည်းဖလှယ်ပုံ ပြောကြားခဲ့ကြပါသည်။

တရုတ်ဇာတ်လမ်းတွဲနှင့် တရုတ်နိုင်ငံသို့ လာပြီး ပညာဆည်းပူးလေ့လာလျက်ရှိသော လာအိုမိန်းကလေး Thepmoukda Phetsalath သည် တရုတ်-လာအို မီးရထားစီမံကိန်းတွင် တရုတ်ဘာသာစကား ကျွမ်းကျင်သူတစ်ယောက်အဖြစ်ဖြင့် တာဝန်ထမ်းဆောင်ပြီး လုပ်ငန်းများကို ပိုမိုချောမွေ့လာစေရန် ကြိုးစားပန်းစားဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံမှ လူငယ် မောင်နီယာခန့်သည် တရုတ်ဆရာကြီးများ၏ ”သင်ကြားပြသမှု”မှ တစ်သက်တာလုံး မမေ့နိုင်သော ဆရာတပည့်သံယောဇဥ်များ ဖြစ်တည်ခဲ့သလို နည်းပညာဆိုင်ရာလုပ်ငန်းများတွင် အဓိကအင်အားအဖြစ် ပါဝင်လုပ်ကိုင်လျက်ရှိပေသည်။ လာအိုဝန်ထမ်း Phouxay Vongphachanh နှင့် ကမ္ဘောဒီးယားဝန်ထမ်း Kimpor Huoth တို့သည် တရုတ်ကုမ္ပဏီ၏ ရေအားလျှပ်စစ်စက်ရုံစီမံကိန်းတွင် ဆောင်ရွက်ပေးခြင်းဖြင့် အနီးနားရှိရွာသူရွာသားများအား အလင်းရောင်နှင့် နွေးထွေးမှု ရရှိစေရန် အကူအညီပေးရုံသာမက အားလပ်ချိန်များတွင်လည်း တရုတ်ယဉ်ကျေးမှုကို စိတ်ပါဝင်စားစွာ စူးစမ်းလေ့လာခဲ့ကြသည်။

၎င်းတို့၏အတွေ့အကြုံများသည် တရုတ်အစိုးရပိုင် စီးပွားရေးလုပ်ငန်များက ဒေသ လူမှုစီးပွားရေးအတွက် ဆောင်ရွက်မှုများကို ဖော်ပြရုံသာမက  တရုတ်နိုင်ငံနှင့် ယင်းနိုင်ငံများ၏ ပြည်သူချင်း စိတ်ချင်းဆက်နွယ်မှု၊ ယဥ်ကျေးမှု အပြန်အလှန်သင်ယူလေ့လာမှု၊ ကောင်းခြင်းမင်္ဂလာအား အတူတကွ မျှဝေခံစားမှုကို ထင်ဟပ်ပြသနေပေသည်။

 

ကမ္ဘောဒီးယားဝန်ထမ်း Kimpor Huoth က ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတွင် တာဝန်ထမ်းဆောင်ပြီး တရုတ်-ကမ္ဘောဒီးယား မိတ်ဆွေဖြစ်ချစ်ကြည်ရေး ကိုယ်တိုင်တွေ့မြင်ရပုံများအား ပြောကြားစဉ်

 

မြန်မာနိုင်ငံ မောင်နီယာခန့်က တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားကြသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး နက်ရှိုင်းပုံအား ပြောကြားစဉ်