လန်ချန်း-မဲခေါင်ဒေသ ရေရှည်တည်တံ့သောသစ်တောစီမံခန့်ခွဲမှု အားသစ်လောင်းရေး ဆွေးနွေးဖလှယ်ပွဲ ပေကျင်းမြို့၌ ကျင်းပ

lmcchina.org, March 28, 2024
Size:

မတ်လ ၂၁ ရက်နေ့၌ လန်ချန်း-မဲခေါင်ဒေသ ပူးပေါင်းဆောင်ရွက်မှု စတင်ခြင်း ၈ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်နှင့် ၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင်ရက်သတ္တပတ်လှုပ်ရှားမှုအနက် တစ်ခုဖြစ်သော လန်ချန်း-မဲခေါင်ဒေသ ရေရှည်တည်တံ့သော သစ်တောစီမံခန့်ခွဲမှု အားသစ်လောင်းပေးရေး ဆွေးနွေးဖလှယ်ပွဲကို အွန်လိုင်း၊ အော့်ဖ်လိုင်း နည်းလမ်းနှစ်မျိုးဖြင့် ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။

အဆိုပါလှုပ်ရှားမှုကို တရုတ်နိုင်ငံ သစ်တောလုပ်ငန်းဦးစီးဌာနနှင့် အာရှ-ပစိဖိတ်သစ်တောအဖွဲ့များ ပူးတွဲကျင်းပခြင်း ဖြစ်ပြီး တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် အခြားနိုင်ငံများမှ သစ်တောလုပ်ငန်းသက်ဆိုင်ရာဌာန၊ သိပ္ပံသုတေသနဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၆၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။ အစိုးရပိုင် သစ်တောများ ဘက်စုံသုံး သစ်တော်စီမံခန့်ခွဲမှုနှင့် သရုပ်ပြခြင်း၊ အဖိုးတန်သောသစ်ပင်မျိုး ပျိုးထောင်ခြင်းနှင့် ကာကွယ်ခြင်း၊ သီးခြားဒေသများတွင် ရေရှည်တည်တံ့သည့် သစ်တောစီမံခန့်ခွဲခြင်း၊  သစ်တောဂေဟစနစ် ဘက်စုံစီမံအုပ်ချုပ်ခြင်းနှင့် စံနမူနာပြခြင်း၊ မြို့ပြသစ်တောစီမံအုပ်ချုပ်ခြင်းနှင့် အသုံးပြုခြင်း၊ အမျိုးသားဥယျာဉ်မှ ရေတိမ်ဒေသ ဂေဟစနစ် ကာကွယ်ရေးနှင့် ဖွံ့ဖြိုးရေးစသည့်ကဏ္ဍ အတွေ့အကြုံများ မျှဝေကာ ပူးပေါင်းဆောင်ရွက်ရေး အကြံပြုကြခဲ့ပါသည်။

ဤလှုပ်ရှားမှု ကျင်းပသည့်တစ်ချိန်တည်း၌ ၁၂ နှစ်မြောက် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့နှင့် ၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ရက်သတ္တပတ် ကျင်းပခဲ့ကြောင်း၊  လှုပ်ရှားမှု၏ရည်ရွက်ချက်သည်  သက်ဆိုင်ရာစီးပွားရေးနိုင်ငံများမှာ လန်ချန်း-မဲခေါင်ဒေသမှ သစ်တောပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှုရလဒ်များကို အတူတကွ ဖလှယ်ရန်အတွက်လည်းကောင်း၊ ခေတ်အမီဆုံး သစ်တောမူဝါဒများကို မျှဝေရန်အတွက်လည်းကောင်း၊ အနာဂတ်တွင် ဒေသဆိုင်ရာ သစ်တောပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးရန်အတွက်လည်းကောင်း ရည်ရွယ်ခြင်း ဖြစ်ကြောင်း  တရုတ်နိုင်ငံတော် သစ်တောရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ရှာကျွန်းက ပြောကြားသည်။

လန်ချန်း-မဲခေါင်နိုင်ငံခြောက်နိုင်ငံ၏ သစ်တောသယံဇာတများသည် စက်မှုအသွင်ပြောင်းခြင်း၊ မြို့ပြအသွင်ပြောင်းခြင်းနှင့် လူဦးရေတိုးပွားလာခြင်းတို့ကြောင့် သစ်တောအရင်းအမြစ်လိုအပ်ချက်ကို တိုးပွားလာခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း၊ ရေကြီးရေလျှံခြင်းနှင့် မိုးခေါင်ရေရှား မကြာခဏ ဖြစ်ပွားခြင်းတို့အပါအဝင် ကြီးမားသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြောင်း ထိုင်းနိုင်ငံတော် သစ်တောဦးစီးဌာန နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူး Preecha Ongprasert ပြောကြားခဲ့ပါသည်။ ဒေသ၏ စီးပွားရေးနှင့် လူမှုရေး စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဖွဲ့ဝင်နိုင်ငံအားလုံးက သစ်တောသယံဇာတပစ္စည်း စီမံခန့်ခွဲမှုကို တွန်းအားပေးဆောင်ရွက်သွားကြရန် ၎င်းက တိုက်တွန်းခဲ့ပါသည်။

လက်ရှိအချိန်ကာလတွင် အာရှနှင့် ပစိဖိတ် သစ်တောအဖွဲ့အစည်း၏ ရင်းနှီးမြုပ်နှံငွေ၏ ၆၀ ရာခိုင်နှုန်းခန့်သည် ဤဒေသအတွင်းရှိ စီမံကိန်းများတွင် အသုံးပြုလျက်ရှိပါသည်။