ပိုအော်အာရှဖိုရမ်သည် တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို လေ့လာကိုးကားရန် အဖိုးတန် အခွင့်အလမ်းဖြစ် ကြောင်း နိုင်ငံတကာပုဂ္ဂိုလ်များဆို

CRI, March 27, 2024
Size:

၄ ရက်ကြာကျင်းပသော ပိုအော်အာရှဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကို ယခုလ ၂၆ ရက်နေ့က ဟိုင်နန်ပြည်နယ် ပိုအော်မြို့မှာ ကျင်းပခဲ့ကြောင်း၊ နိုင်ငံအသီးသီး မှ ပုဂ္ဂိုလ်များ က ယခုအကြိမ် ပိုအော်အာရှဖိုရမ် ၂၀၂၄ နှစ်ပတ်လည် အစည်းအဝေးသည် အလွှာပေါင်းစုံအကြား အပြန်အလှန်နှီးနှောဖလှယ်ရန် အခွင့်အလမ်းများကို  ဖန်တီးပေးခဲ့ပြီး တရုတ်နိုင်ငံ၏ အတွေ့ အကြုံများကို လေ့လာကိုးကားရန် အဖိုးတန်အခွင့်အလမ်းတစ်ခု လည်းဖြစ်သည်ဟု ပြောကြားကြ ကြောင်း သိရသည်။

ရုရှားသိပ္ပံအကယ်ဒမီမှ တရုတ်နှင့် ယနေ့ခေတ် အာရှ သုတေသနဌာနမှူးBabayevက ပိုအော် အာရှဖိုရမ် သည် အလွန်အရေးကြီးပြီး အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း၊ နှစ်နိုင်ငံ စီးပွားရေး အသိုင်း အဝိုင်းများ၊ စက်မှုအသိုင်းအဝိုင်းများနှင့် သုတေသနအဖွဲ့များ စုစည်းဆွေးနွေး ကြပြီး နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက် စေရန် တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဖရိကတိုက်၏ နိုင်ငံရေးနှင့်သုတေသနနယ်ပယ်မှ ပုဂ္ဂိုလ်များသည် တရုတ်အသွင်ပုံစံခေတ်မီရေးနှင့် တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုပုံစံသည် အာရှနှင့် ကမ္ဘာ့အခြားဒေသများရှိ နိုင်ငံများအတွက် အကျိုး ဆောင်ကြဉ်းပေးခဲ့ကြောင်း၊ယခုအကြိမ် ပိုအော်အာရှဖိုရမ်သည် တရုတ်နိုင်ငံ၏ အတွေ့ အကြုံ များ ကို အာဖရိကနိုင်ငံများလေ့လာကိုးကား ရန် အဖိုးတန်အခွင့်အလမ်းကို ဖန်တီးပေး ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဇမ်ဘီယာနိုင်ငံ စီးပွားရေးပညာရှင် Ikabongoက တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံသည် ကမ္ဘာပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်မှုရှိကြောင်း ပြောကြားခဲ့သည်။