လန်ချန်း-မဲခေါင် ခရီးရှည် သတင်းကောက်အဖွဲ့ ထိုင်းနိုင်ငံ Nong Khai ပြည်နယ် ရောက်ရှိ

lmcchina.org, March 15, 2024
Size:

ဒေသစံတော်ချိန် မတ်လ ၈ ရက်နေ့တွင် “မြစ်တစ်တည်းမှ ရေသောက်သုံးခြင်း၊ လန်ချန်း-မဲခေါင် ချစ်ခြင်းမေတ္တာ ပြောဆိုခြင်း” - လန်ချန်း-မဲခေါင် ခရီးရှည် သတင်းကောက်အဖွဲ့သည် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှ Nong Khai ပြည်နယ်သို့ ရောက်ရှိပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နှစ်ဦးနှစ်ဖက်သည် မဲခေါင်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ၊ တရုတ်-ထိုင်း မီးရထား ပို့ဆောင်ရေးမှ ရရှိလာသော စီးပွားရေးအခွင့်အသစ်များ၊ တရုတ်-လာအို-ထိုင်း မီးရထားလမ်း တစ်ဆက်တည်း ဖြစ်ရေး(Nong Khai-ဗီယင်ကျန်း) စသောကိစ္စများကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။

ကျွန်တော်တို့က တရုတ်-ထိုင်း မီးရထားလမ်းရဲ့ ဒုတိယပိုင်း တည်ဆောက်မှုလုပ်ငန်းကို ပိုမိုလျင်မြန်စွာ ဖော်ဆောင်ပြီး တရုတ်-လာအို မီးရထားလမ်းနဲ့ လျင်မြန်စွာ ဆက်စပ်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ Nong Khai ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ ထိုင်းနိုင်ငံမှ မထမဆုံး standard rail အမြန်ရထားလမ်းအနေဖြင့် တရုတ်-ထိုင်း မီးရထားလမ်း ဖောက်လုပ်ပြီးလျှင် Nong Khai ပြည်နယ်သည် ခရီးသည်နှင့် ကုန်စည်များ ထိုင်းနိုင်ငံသို့ ဝင်ဝင်ချင်း မထမဆုံး ရောက်ရှိမည့်ဒေသ ဖြစ်လာနိုင်၍ ၎င်းဒေသ၏ စီးပွားရေး၊ ပို့ဆောင်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊  ကုတ်ထုတ်လုပ်ရေးနှင့် လူမှုဘဝအတွက် အားသစ်လောင်းပေးနိုင်သည်။

မီဒီယာအဖွဲ့မှ အဖွဲ့ခေါင်းဆောင် Chen Hailei သည် လန်ချန်း-မဲခေါင်နိုင်ငံများမှ ပြည်သူများ အချင်းချင်း ပိုမိုနားလည်ပြီး ပိုမိုသင့်မြတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်အောင် ထိုင်းမိတ်ဆွေများ တရုတ်ပြည်သို့ လာပြီး ချင်းဟိုင်ပြည်နယ်သို့ လာရန်၊ လန်ချန်း-မဲခေါင်မြစ် မြစ်ဖျားခံဒေသ၏ လှပသောရှုခင်းကို လာကြည့်ရှုရန်၊ လန်ချန်း-မဲခေါင်မြစ် မြစ်ဖျားခံဒေသ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရလဒ်ကို လေ့လာရန် ဖိတ်ကြားပေသည်။