၁၄ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပပြီးစီး

CRI, March 11, 2024
Size:

၁၄ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ (CPPCC) ဒုတိယအကြိမ် အစည်းအဝေးကို မတ်လ ၁၀ရက်နေ့ နံနက်ပိုင်းတွင် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပပြီးစီးခဲ့ပါသည်။
    အစည်းအဝေးကို တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ Wang Huning က ကြီးမှူးကျင်းပခဲ့ ပြီး သမ္မတ ရှီကျင့်ဖိန်၊ လီချန်၊ Zhao Leji ၊ Cai Qi ၊ Ding Xuexiang ၊ Li Xi နှင့် Han Zheng စသည့် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။
    အစည်းအဝေးတွင် CPPCC အမြဲတမ်းကော်မတီ၏ လုပ်ငန်းအစီရင်ခံစာဆိုင်ရာ ၁၄ကြိမ်မြောက် CPPCC ဒုတိယအကြိမ် အစည်းအဝေး၏ ဆုံးဖြတ်ချက်၊ ၁၄ကြိမ်မြောက် CPPCC ပထမအကြိမ် အစည်းအဝေးကို ကျင်းပပြီးစီးပြီးနောက် အကြံပြုချက်များ ဖော်ဆောင်ရေးလုပ်ငန်းအစီရင်ခံစာဆိုင်ရာ ၁၄ကြိမ်မြောက် CPPCC ဒုတိယအကြိမ် အစည်းအဝေး၏ ဆုံးဖြတ်ချက်၊ ၁၄ကြိမ်မြောက် CPPCC ဒုတိယအကြိမ် အစည်းအဝေး၏ အကြံပြုချက်များ စိစစ်ရေးဆိုင်ရာ ၁၄ကြိမ်မြောက် CPPCC အကြံပြုချက်များ တင်သွင်းရေး ကော်မရှင်၏ အစီရင်ခံစာနှင့် ၁၄ကြိမ်မြောက် CPPCC ဒုတိယအကြိမ် အစည်းအဝေး၏ နိုင်ငံရေးဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ပါသည်။