ကမ္ဘောဒီးယားရှိ ကွန်ဖြူးရှပ်ကောလိပ်သည် တရုတ်ဘာသာနှင့် အသက်မွေးဝမ်းကျောင်းပညာရေးပုံစံကို တွန်းအားပေး

lmcchina.org, March 8, 2024
Size:

ဒေသစံတော်ချိန် မတ်လ ၂ ရက်နေ့တွင် ကမ္ဘောဒီးယား တော်ဝင်ပညာတံခွန်အသင်း ကွန်ဖြူးရှပ်ကောလိပ်၌ တရုတ်ဘာသာ သင်ယူလေ့လာနေသည့်ကျောင်းသူကျောင်းသားများ

 

တစ်မြစ်တည်း နေ၊ တစ်ရေတည်း သောက် — လန်ချန်း-မဲခေါင် သံယောဇဥ်မေတ္တာ မျှဝေခြင်း ဟူသော လန်ချန်း-မဲခေါင် သတင်းမီတီယာအင်တာဗျူးများကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ စတင်ကျင်းပခဲ့ပြီး သတင်းထောက်တပ်ဖွဲ့သည် ကမ္ဘောဒီးယား တော်ဝင်ပညာတံခွန်အသင်း ကွန်ဖြူးရှပ်ကောလိပ်သို့ သွားရောက်လည်ပတ်ကြသည်။

ယခုနှစ်များတွင် လန်ချန်း-မဲခေါင် ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုသည် တစ်နေ့တခြား ကျယ်ပြန့်နီးကပ်လာပြီ ဖြစ်၍ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ အကြီးဆုံးသောနိုင်ငံ ဖြစ်ကာ ခရီးသည်ဦးရေ အများဆုံးသောနိုင်ငံအဖြစ် နှစ်ပေါင်းများစွာ ဆက်တိုက် လုပ်ဆောင်ခဲ့သဖြင့် ဒေသတွင်း စီးပွားရေးအောင်မြင်မှုရလဒ် အမြောက်အမြား ရရှိရာ ကမ္ဘောဒီးယားမှ လူလတ်ပိုင်းအတွက် တရုတ်ဘာသာဆည်းပူးလေ့လာစိတ်ကို အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လာပေသည်။

ကမ္ဘောဒီးယား တော်ဝင်ပညာတံခွန်အသင်း ကွန်ဖြူးရှပ်ကောလိပ်သည် ကမ္ဘောဒီးယားနိုင်ငံမှ ပထမဆုံး ကွန်ဖြူးရှပ်ကောလိပ် ဖြစ်၍ ၂၀၀၉ ခုနှစ် တည်ထောင်လာခဲ့ကတည်းက ကျောင်းသူကျောင်းသားများ စုစုပေါင်း ၁၁၀၀၀၀ ကျော် ရရှိပြီး လက်ရှိအချိန်ကာလာတွင် ကျောင်းသား ၄၀၀၀ ကျော် ရှိပါသည်။

၂၀၂၄ ခုနှစ်သည် တရုတ်-ကမ္ဘောဒီးယား လူမှုရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးနှစ် ဖြစ်သည်။ ၎င်းကောလိပ်မှ တရုတ်ဘက်ဌာနမှူး ဝမ်ဖုန်းက ယခုနှစ်ဦးပိုင်း ဖနွမ်းပင်တွင် နွေဦးပွဲတော်ဥယျာဉ်ဖျော်ဖြေပွဲ ကျင်းပရန် စီစဉ်ထားပြီ ဖြစ်ကြောင်း၊ တရုတ် သီချင်းပြိုင်ပွဲများ၊ မြက်ခင်းပြင်ဂီတပွဲတော်များနှင့် အခြားလှုပ်ရှားမှုများကိုလည်း ကျင်းပမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အထက်ဖော်ပြပါကောလိပ် ထူထောင်လာသည့် ၁၅ နှစ်အတွင်း ၎င်းသည် ကမ္ဘောဒီးယားနိုင်ငံရှိ ကွန်ဖြူးရှပ်ကောလိပ် မည်သို့သော ဖွံ့ဖြိုးတိုက်တက်မှု ရရှိလာသည့် ဇာတ်ခုံတစ်ခုအဖြစ် လုပ်ဆောင်သည် ဖြစ်ကာ တရုတ်နှင့် ကမ္ဘောဒီးယားမှ လူငယ်များအကြား လူမှုရေးနှင့် ယဥ်ကျေးမှုဖလှယ်ရေး ပိုမိုနက်ရှိုင်းလာစေရန် ဆောင်ရွက်သည့် တစ်ချိန်တည်းတွင် အရည်အချင်း ပြည့်ဝသော လူပုဂ္ဂိုလ်များကို ပြုစုပျိုးထောင်ခဲ့သည်။ ယင်းအရာရှိ၏ မိတ်ဆက်ပေးမှုအရ ထိုကောလိုပ်သည် ပြည်တွင်းရှိ အသက်မွေးဝမ်းကျောင်း နည်းပညာကျောင်းများနှင့် ကမ္ဘောဒီးယားရှိ တရုတ်ငွေကြေး ထောက်ပံ့သောလုပ်ငန်းများကို တိကျစွာ ချိတ်ဆက်နိုင်ရန်၊ ဆရာဆရာမများကို ကမ္ဘောဒီးယားသို့ သင်ကြားရန် စေလွှတ်ပြီး ဒေသခံလူငယ်များ အလုပ်လုပ်ကိုင်ခွင့်လမ်းကြောင်းများကို ပိုမိုတို့ချဲ့လာစေရန် ကူညီပေးမည် ဖြစ်ကြောင်း သိရသည်။ ၎င်းအရာရှိ ပြောကြားသည်မှာ ကမ္ဘောဒီးယားလူငယ်များသည် တရုတ်ဘာသာ သင်ယူခြင်းမှာ စိတ်ဝင်စားရုံသာမက အသုံးဝင်သည်ဟုလည်း ခံစားမိသည် ဖြစ်သည်။

ဤအင်တာဗျူးသည် ၁၀ ရက် ကြာသည် ဖြစ်၍ သတင်းထောက်အဖွဲ့သည် ဂေဟယဥ်ကျေးမှုစနစ်နှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သ၍ အစီရင်ခံရန် ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနိုင်ငံသို့ သွားရောက်မြည် ဖြစ်သည်။