လန်ချန်း-မဲခေါင်ဒေသ ပြစ်မှုအခြေအနေဖလှယ်ပွဲ စကားဝိုင်းအစည်းအဝေးကို ကူမင်းမြို့တွင် ကျင်းပ

lmcchina.org, March 8, 2024
Size:

၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့တွင် လန်ချန်း-မဲခေါင်ဒေသ ဘက်စုံတရားဥပဒေစိုးမိုးရေးလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးဗဟိုဌာနမှ ကြီးမှူးပြုလုပ်သော လန်ချန်း-မဲခေါင်ဒေသ ပြစ်မှုအခြေအနေဖလှယ်ပွဲ စကားဝိုင်းအစည်းအဝေးကို ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပခဲ့သည်။ ၎င်းအစည်းအဝေးသည် ဒေသအတွင်း နယ်စပ်ဖြတ်ကျော်ရေးမှုခင်းအခြေအနေများကို တိကျစွာ လေ့လာပြီး အကဲဖြတ်သုံးသပ်ကာ အွန်လိုင်းလိမ်ညာမှု စသည့်အန္တရာယ်ဆိုးဝါးသော ရာဇဝတ်မှုဆိုင်ရာကိစ္စရပ်များကို နက်နက်ရှိုင်းရှိုင်း ဆွေးနွေးဖလှယ်၍ လက်တွေကျသော တရားဥပဒေစိုးမိုးရေး ပူပေါင်းဆောင်ရွက်မှုကို ထိရောက်စွာ မြှင့်တင်ရန်အတွက် သဘောတူညီချက် ရရှိခဲ့ပါသည်။

အွန်လိုင်းလိမ်ညာမှုနှင့် ပတ်သက်သော အခြားရာဇဝတ်မှုများသည် ၎င်းဒေသအတွက် အန္တရာယ် ကြီးမားသောမှုခင်း ဖြစ်လာကြောင်း၊  နိုင်ငံအသီးသီးအနေဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ရန် ဆောင်ရွက်ကြောင်း အစည်းအဝေး ပါဝင်တက်ရောက်သည့် နိုင်ငံအားလုံး သဘောတူကြသည်။ ရာဇဝတ်မှုခင်းအခြေအနေ လေ့လာအကဲဖြတ်ခြင်းနှင့် ရည်မှန်ထားသောပုံမှန်အစည်းအဝေးကို ကျင်းပရန်၊ ဒေသအတွင်း မှုခင်းဆန်းစစ်မှုနှင့် အကဲဖြတ်မှုစနစ်ကို ထူထောင်ရန်၊  ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို မြှင့်တင်လာစေရန်၊ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များကို တိုးချဲ့ကျယ်ပြန့်လာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုစွမ်းဆောင်ရည်ကို မြှင့်တင်ရန် တစ်ညီတစ်ညွတ်တည်း ထောက်ခံခဲ့ကြသည်။ ဒေသတွင်း စီးပွားရေး ဆက်တိုက်နာလန်ပြန်ထူလာရန် ဘေးကင်းပြီး ဖွံ့ဖြိုးတိုးတက်မှု ရှိသည့် ပတ်ဝန်းကျင် လိုအပ်ချက်များနှင့်အညီ ငြိမ်းချမ်းသာယာသော အိမ်မြေကို အတူတကွ တည်ဆောက်ခြင်း ဟူသောရည်မှန်းချက်ဖြင့် ဒေသတွင်း ထင်ရှားဆိုးဝါးသော ရာဇ၀တ်မှုကိစ္စများကို နိုင်ငံအသီးသီး ပူးပေါင်းပြီး ပြတ်ပြတ်သားသား တိုက်ဖျက်မည် ဖြစ်ကြောင်း၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ရရှိရန် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သာယာဝပြောရေးနှင့် တည်ငြိမ်အေးချမ်းရေး ရှိသောဒေသကို အတူတကွ တည်ဆောက်ပြီး လန်ချန်း-မဲခေါင် ဒေသခံပြည်သူများအတွက် ပိုမိုကောင်းမွန်သော အလားအလာ ဖန်တီးပေးရန်အတွက် ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပြုခဲ့ကြသည်။

ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာန၊ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လာအို ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လာအို အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ ထိုင်း ဘုရင့်ရဲတပ်ဖွဲ့နှင့် ဗီယက်နမ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့အပါအဝင် နိုင်ငံခြောက်နိုင်ငံမှ ဥပဒေစိုးမိုးရေး အေဂျင်စီများမှ ကိုယ်စားလှယ် ၆၀ ကျော်သည် အထက်ဖော်ပြပါအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။