လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသီးသန့်အစည်းအဝေးသို့ လာအိုနိုင်ငံ Luang Prabang ပြည်နယ်ဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ် တက်ရောက်၍ အမှာစကား ပြောကြား

lmcchina.org, March 1, 2024
Size:

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် လာအိုနိုင်ငံ Luang Prabang ပြည်နယ်ဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ် Zhang Sheping သည် “ဇီဝစက်ဝန်း အစိမ်းရောင်စီးပွားရေးတိုးတက်မှုပုံစံဖြင့် စီးပွားရေး နာလန်ထူစေခြင်း - အစိမ်းရောင် ရပ်ဝန်းနှင့် လမ်းကြောင်း(The Belt and Road)ကို လက်တွဲတည်ဆောင်ခြင်း” ဟူသောခေါင်းစဉ်ဖြင့် ကျင်းပသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။ လာအိုနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ထုံးဖန်းက အစည်းအဝေးအစီအစဉ်ကြေညာသူအဖြစ် တာဝန်ယူသည်။

အမှာစကား ပြောကြားရာတွင် ကောင်စစ်ဝန်ချုပ် Zhang Sheping သည် လန်ချန်း-မဲခေါင်နိုင်ငံများ၏ စီးပွားရေးသည် ကိုဗစ် ၁၉ ၏ထိခိုက်မှုမှ တဖြည်းဖြည်း ရုန်းထွက်လာ၍ တိုးတက်မှု ဆက်တိုက်ရရှိနေသော်လည်း တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရာတွင် ရင်ဆိုင်နေရသော တည်ငြိမ်မှု နည်းပါးခြင်းနှင့် အလားအလာတိကျမှု မမြင်နိုင်ခြင်းစိန်ခေါ်မှုများကို လျစ်လျူရှုလို့ မရကြောင်း၊ လူသားများ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရန် အရေးကြီးသော ပလက်ဖောင်းနှင့် ကမ္ဘာပေါ်တွင် အကြီးဆုံး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်အနေဖြင့် ရပ်ဝန်းနှင့် လမ်းကြောင်း တည်ဆောက်မှုစီမံကိန်းသည် ထိပ်ပိုင်းမဟာဗျူဟာချမှတ်ခြင်းနှင့် လုပ်ငန်းအဆင့်ဆင့် ဖော်ဆောင်ခြင်းလုပ်ငန်းများတွင် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးအတွေးအခေါ်ကို ထည့်သွင်းစဉ်းစားလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရန် ဆက်တိုက်ထောက်ခံပေးရာ အစိမ်းရောင်အား ရပ်ဝန်နှင့် လမ်းကြောင်း တည်ဆောက်ရေးစီမံကိန်း၏ အခြေခံအရောင်အဖြစ် ထား၍ အစိမ်းရောင် အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ အစိမ်းရောင် ရင်းနှီးမြှုပ်နှံရေး၊ အစိမ်းရောင်‌ ငွေရေးကြေးရေး စသည့်လုပ်ငန်းများကို ထူထောင်၍ အရည်အသွေး မြင့်သော ရပ်ဝန်းနှင့် လမ်းကြောင်းကို လက်တွဲတည်ဆောက်သည့် စံပြဇုန်၊ တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်၏ ရှေ့ပြေးဖော်ဆောင်မှုဇုန်၊ တစ်ကမ္ဘာလုံး လုံခြုံရေးအဆိုပြုချက်ကို အစမ်းဖော်ဆောင်မှုဇုန်နှင့် တစ်ကမ္ဘာလုံး ယဉ်ကျေးမှုအဆိုပြုချက်၏ရှေ့ပြေးဖော်ဆောင်မှုဇုန်အဖြစ် တည်ဆောင်ရန် တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားသည်။