၁၄ ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ အဋ္ဌမ အကြိမ် အစည်းအဝေး ကျင်းပပြီးစီး၊ အသစ်ပြင်ဆင်ထားသည့် နိုင်ငံတော် လျှို့ဝှက်ချက် ထိန်းသိမ်းရေးဥပဒေကို အတည်ပြု

CRI, February 29, 2024
Size:

၁၄ ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ အဋ္ဌမ အကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းက ဘေကျင်း ပြည်သူ့ ခန်းမ ဆောင်ကြီး၌ ကျင်းပပြီးစီးခဲ့ပါသည်။ အစည်းအဝေးတွင် အသစ်ပြင်ဆင်ထားသည့် နိုင်ငံ တော် လျှို့ဝှက်ချက် ထိန်းသိမ်းရေးဥပဒေကို မဲပေး အတည်ပြုခဲ့ပါသည်။ သမ္မတ ရှီကျင့်ဖိန် သည် သမ္မတအမိန့် အမှတ်-၂၀ ကို လက်မှတ်ရေးထိုးပြီး ယင်းဥပဒေကို ထုတ်ပြန်ခဲ့ပါသည်။

ယခုအကြိမ် အစည်းအဝေးတွင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ လုပ်ငန်းအစီရင်ခံစာကို မူအားဖြင့် အတည်ပြုခဲ့ပါသည်။

အစည်းအဝေးတွင် ၁၄ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး၏ အစီအစဉ် မူကြမ်း၊ သဘာပတိအဖွဲ့နှင့် အတွင်းရေးမှူးချုပ် အမည် စာရင်းမူကြမ်းကို မဲပေး အတည်ပြုပြီး ၁၄ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး၏ ပြင်ဆင်ရေး အစည်းအဝေးတွင် စိစစ်ဖို့ တင်သွင်းရန် ဆုံးဖြတ်ခဲ့သည်။ အစည်းအဝေးတွင် ၁၄ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေးသို့ လေ့လာသူအဖြစ် တက်ရောက်သူများ အမည်စာရင်းကို အတည်ပြုခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။