ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Srettha Thavisin သည် ဝမ်ယိနှင့် တွေ့ဆုံ

CRI, February 29, 2024
Size:

ဇန်နဝါရီလ ၂၉ ရက်နေ့က ထိုင်းနိုင်ငံဝန်ကြီးချုပ် Srettha Thavisin သည် ဘန်ကောက်မြို့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင် ၊နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် တွေ့ဆုံခဲ့သည်။

ဝမ်ယိက တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံနှင့် အဆင့်မြင့် ကူးလူးဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းထားပြီး လူမှု ယဉ်ကျေးမှု ကူးလူးဖလှယ်မှုများ အရှိန်အဟုန်မြှင့်ကာ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ဖြင့် နှစ်ဖက် ခရီးသွားလာရေး မြှင့်တင်ရန်နှင့် စီးပွားကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုစသည့်နယ်ပယ်များတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ 

Srettha Thavisin  က နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ ၏ ထိုင်းနိုင်ငံ ခရီးစဉ် အတွင်း အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်ကို လက်မှတ် ရေးထိုးပြီး နှစ်နိုင်ငံ အကြား စီးပွား ကုန်သွယ်ရေး နှင့် လူမှု ယဉ်ကျေးမှု ဖလှယ်ရေးနှင့် ပြည်သူအချင်းချင်းချစ်ကြည်ရေးကို တိုးပွားစေ၍ ထိုင်းနှင့် တရုတ် ပိုမို ရင်းနှီးလာစေကြောင်း၊ ထိုင်းနိုင်ငံသည် "Belt and Road" ပူးပေါင်းတည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံ သက်ဆိုင်ရာဌာနများသည် ထိတွေ့ဆက်ဆံမှုကိုအားဖြည့်ရန်၊ သက်ဆိုင်ရာ ပရောဂျက်များ အရှိန်အဟုန်မြှင့်တင်ရန်နှင့် ဒေသတွင်း အပြန်အလှန် ဆက်သွယ်မှုအဆင့်ကို မြှင့်တင်ပေးနိုင်ရန် မျှော်လင့် ကြောင်း ပြောကြားပါသည်။