လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၂၀၂၃ ခုနှစ် ထိပ်တန်းသတင်း ၁၀ ခု ထုတ်ပြန်

lmcchina.org, February 29, 2024
Size:

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၂၀၂၃ ခုနှစ် ထိပ်တန်းသတင်းများ ထုတ်ပြန်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃၁ ရက်က ပေကျင်းမြို့၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင်  လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ထိပ်တန်းသတင်း ၁၀ ခုကို ကြေညာခဲ့ပါသည်။ ၎င်းတို့မှာ-

(၁) နိုင်ငံခေါင်းဆောင်များ၏ သံတမန်ရေးဦးဆောင်မှုဖြင့် လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှု ပို၍ အကောင်အထည်ဖော်နက်ရှိုင်းလာ

(၂) ခြောက်နိုင်ငံ အဆင့်မြင့်အရာရှိဆက်ဆံရေး နီးကပ်လာမှုနှင့်အတူ အပြန်အလှန် ယုံကြည်မှု၊ ကူးလူးဆက်ဆံမှုများဖြင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ စနစ်တကျ တိုးတက်လာ

(၃) စီးပွားရေး ပြန်လည်ရှင်သန်အားကောင်းလာမှုနှင့်အတူ လန်ချန်း-မဲခေါင်မြစ်ဝှမ်း စီးပွားရေးရပ်ဝန်း အောင်မြင်မှုအသီးအပွင့်များ ဖြစ်ထွန်းလာ

(၄) ပို၍ လုံခြုံသော ဖွံ့ဖြိုးတိုးတက်မှုပတ်ဝန်းကျင်ကို ဖန်တီး၍ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြချက် စမ်းသပ်ဇုန် တည်ဆောက်မည်

(၅) ဒစ်ဂျစ်တယ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပွင့်လန်းလာခြင်းက “ဒစ်ဂျစ်တယ် ပိုးလမ်းမ”၏ စွမ်းအင်ကို ပို၍ တွန်းအားဖြစ်စေ

(၆) လူမှုယဉ်ကျေးမှု ဖလှယ်ခြင်း အသွင်သဏ္ဌာန်အမျိုးမျိုး ပွင့်လန်းလာခြင်းက ခြောက်နိုင်ငံကို ပို၍ နီးကပ်လာစေ

(၇) အစိမ်းရောင် သာယာလှပသော မိသားစုဥယျာဉ် တည်ဆောက်ခြင်းဖြင့် ဒေသ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်

(၈) လူနေမှုဘဝကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သာယာချမ်းမြေ့မှုကို မြှင့်တင်ပြီး အတူဖွံ့ဖြိုးတိုးတက်ရေးလမ်းကို အတူခင်းကျင်းမည်

(၉) စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု များပြားလာခြင်း၏ရလဒ်များကို နိုင်ငံအသီးသီးက မျှဝေခံစားနိုင်

(၁၀) လူငယ်တို့၏ ပညာအင်အားဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အနာဂတ်သစ်ကို ကြိုဆို တို့ ဖြစ်ကြသည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ သံတမန် လျောက်ကျွင့်ယွင်က အမှာစကား ပြောကြားရာတွင် တရုတ်နိုင်ငံသည် မဲခေါင်မြစ်နိုင်ငံများနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေး၍ အပြန်အလှန် အကျိုးဖြစ်ထွန်းရေး ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ ဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် တွန်းအားပေးခြင်းဖြင့် အရည်အသွေးမြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” စံပြဇုန်၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက် ရှေ့ပြေးဇုန် တည်ဆောက်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက် စမ်းသပ်ဇုန်နှင့် ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအဆိုပြုချက် ကနဦးဇုန်ကို တည်ဆောက်ပြီး ငြိမ်းချမ်း၊ လုံခြုံ၊ စည်ပင်၊ တိုးတက်သောအနာဂတ်ကို လက်တွဲလျှောက်လှမ်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။