ငြိမ်းချမ်း၍ စည်ပင်ဝပြောသော လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ၊ ပူအမျှ အသိုက်အဝန်းကို အတူလက်တွဲတည်ဆောက်မည်

lmcchina.org, February 29, 2024
Size:

လက်ဖက်ရည်ကြမ်းအရသာ မြည်းစမ်းကြည့်စဥ်

 

“ယူနန် လူနေမှုဘဝ” ပြခန်းတွင် ထိုင်းဧည့်သည်တော်များက ယူနန်ဒြပ်မဲ့ယဉ်ကျေးမှုထုတ်ကုန်များအား လေ့လာစဥ်

 

ယူနန် လက်မှုအနုပညာလက်ရာများအား မြန်မာမိတ်ဆွေထံသို့ ပြသစဥ်

 

“ယူနန် လူနေမှုဘဝ” ပြခန်း ပေကျင်း နွေဦးပွဲတော်လှုပ်ရှားမှုတွင် လာအို နိုင်ငံခြားပညာတော်သင်များ ပါဝင်စဥ်

 

“ယူနန် လူနေမှုဘဝ” ပေကျင်း နွေဦးပွဲတော်လှုပ်ရှားမှုကို ဇန်နဝါရီ ၃၁ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။

ယခုအကြိမ်လှုပ်ရှားမှုသည် ၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင် ၆ နိုင်ငံ နိုင်ငံရေးသဘောတူညီမှု ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တရုတ်-ကမ္ဘောဒီးယား၊ တရုတ်-လာအို၊ တရုတ်-မြန်မာ၊ တရုတ်-ထိုင်း၊ တရုတ်-ဗီယက်နမ်နိုင်ငံများသည် နှစ်နိုင်ငံ အေးအတူ ပူအမျှ အသိုက်အဝန်း အတူလက်တွဲ တည်ဆောက်ကြမည် ဖြစ်ကြောင်း အသီးသီး ကြေညာခဲ့ကြောင်း၊ ပို၍ နီးကပ်မှု ရှိသော လန်ချန်း-မဲခေါင် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရန်၊ တရုတ်-အာဆီယံ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရန် လက်တွေ့အခြေခံ ဖြစ်ကြောင်း  မဲခေါင်မြစ်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကွန်ရက် တရုတ်နိုင်ငံ ညှိနှိုင်းရေးစင်တာ တာဝန်ခံ ကျန်းလိန်က ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စတုတ္ထအကြိမ်မြောက် ခေါင်းဆောင်များအစည်းအဝေးကို ကျင်းပခဲ့ရာ လန်ချန်း-မဲခေါင် ၆ နိုင်ငံ၏ လာမည့် ၅ နှစ်တာ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့်လမ်းစဉ်ကို ရေးဆွဲခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။