တရုတ်-မြန်မာ နယ်စပ်ရှိ ဂျိမ်းဖောတိုင်းရင်းသားကျေးရွာတွင် သောင်းနှင့်ချီသော လူများသည် ဆိုရင်းကရင်း တရုတ်နွေဦးပွဲတော် ဆင်နွှဲကြ

Yunnan Gateway, February 22, 2024
Size:

၂၀၂၄ ခုနှစ် တရုတ်နွေဦးပွဲတော် အားလပ်ရက်အတွင်း ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ ရင်ကျန်းခရိုင် ထုံဖီကွမ်ကျေးရွာသည် ၂၀၂၄ ခုနှစ် ဂျိမ်းဖောတိုင်းရင်းသား မနော်အကပွဲတော်ကို ကျင်းပခဲ့ပါသည်။ ပွဲတက်ရောက်သည့် ဒေသခံပြည်သူပြည်သားများနှင့် ခရီးသွားများသည် ပွဲလမ်းသဘင်ဝတ်စုံများ ဝတ်ဆင်ကာ ပျော်ပျော်ပါးပါး တရုတ်နွေဦးပွဲတော် ဆင်နွှဲကြပါသည်။

မနော်အကပွဲတော်သည် ဂျိမ်းဖောတိုင်းရင်းသားတို့၏ အခမ်းနားဆုံးသော ရိုးရာပွဲလမ်းသဘင်ဖြစ်ပေသည်။ ဂျိမ်းဖောသီချင်းနှင့်အတူ သောင်းနှင့်ချီသော လူများသည် တူညီသောစည်းချက်များဖြင့် ကပြခဲ့ကြပြီး မြင်ကွင်းသည် အံ့မခန်း ခမ်းနားလှပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ တယ်ဟုန်မီဒီယာစင်တာ၊ နွေဦးမြို့ ညနေခင်းသတင်းစာ

ဘာသာပြန် ။ ။ Zhang Yinglin