၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တရုတ်ပိုက်ကျော်ခြင်းပြိုင်ပွဲ တယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့တွင် စတင်ကျင်းပခဲ့

Yunnan Gateway, November 27, 2023
Size:

၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး တရုတ်ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းက တယ်ဟုန် တိုင်၊ ဂျိမ်းဖော တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ အားကစားစင်တာတွင် ဖွင့်လှစ်ကျင်းပခဲ့ပါသည်။

လာအို၊ မြန်မာ၊ ဗီယက်နမ်၊ မလေးရှားနှင့် တရုတ်နိုင်ငံတို့မှ အားကစားလက်ရွေးစင်များသည် ဤနေရာတွင် ဆုံစည်းကာ အားကစားလှုပ်ရှားမှုမှတစ်ဆင့် ပေါင်းသင်းဆက်ဆံရေးကို မြှင့်တင်ပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ မှတစ်ဆင့် သံယောဇဉ်များ ပိုမိုနီးစပ်စေရန် ဖော်ဆောင်ကြပါသည်။

ယခုအကြိမ်တရုတ်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသားတစ်ဦးချင်း၊ အမျိုးသားလေးယောက်၊ အမျိုးသမီးတစ်ဦးချင်းနှင့် အမျိုးသမီးလေးယောက်ဆိုသည့် အဖွဲ့ ၄ ဖွဲ့ဖြင့် စုပေါင်းပါဝင်ယှဥ်ပြိုင်ကြပါသည်။ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ တရုတ်နှင့် မလေးရှား အပါအဝင် နိုင်ငံနှင့် ဒေသ ၅ ခုမှ အသင်း စုစုပေါင်း ၉ သင်း ပါဝင်ယှဥ်ပြိုင်ကြပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ တယ်ဟုန်ပြည်နယ်ခွဲပါတီကော်မတီပြန်ကြားရေးဌာန
ဘာသာပြန် ။ ။ Zhang Yinglin