မြေလွှာ ၉ ထပ်ကို ဖြတ်သန်းပြီး အာရှ၏ အနက်ဆုံး ရေနံတွင်း Shendi အမှတ် ၁ ကို အောင်မြင်စွာ ဖွင့်လှစ်ပြီး စမ်းသပ်မှုပြုလုပ်

Yunnan Gateway, November 21, 2023
Size:

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က တရုတ်နိုင်ငံ ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အာကစူ တွင် Sinopec မှ ရေနံတွင်း Shendi အမှတ် ၁ Yuejin 3-3XC ကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီး စမ်းသပ်မှုပြုလုပ်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ် မေလ ၁ရက်နေ့က ရေနံတွင်း စတင် တူးဖော်ခဲ့ပြီး ၁၇၇ ရက်ကြာ ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း ရှင်းကျန်းဒေသ တာရီမ် မြေချိုင့်ဝှမ်းရှိ ရေနံတွင်း Yuejin 3-3XC ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး စမ်းသပ်မောင်းနှင်မှု ပြုလုပ်ခဲ့သည်။ ယင်း ရေနံတွင်းသည် အနက် ၉၄၃၂ မီတာရှိပြီး လက်ရှိ အာရှတိုက်တွင် အနက်ဆုံး ရေနံတွင်းဖြစ်ကာ တရုတ်နိုင်ငံမှ မြေနက် လုပ်ငန်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်မှု နယ်ပယ်မှာ စံချိန်သစ်တင်ခဲ့သည်။