ယူနန်ပြည်နယ် ကုန်သွယ်ရေးအဖွဲ့သည် ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲတွင် ပါဝင်ပြသ

Yunnan Gateway, November 17, 2023
Size:

ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရှန်ဟိုင်းမြို့တွင် ကျင်းပခဲ့ပါသည်။ ယူနန်ပြည်နယ် ကုန်သွယ်ရေးအဖွဲ့သည် ကုမ္ပဏီနှင့်စီးပွားရေးအဖွဲ့အစည်း ၂၃၂၃ ခု (၎င်းတို့အနက် လုပ်ငန်းပေါင်း ၁၇၃၀ ခုပါရှိသည်)ကို စည်းရုံးကာ လူပေါင်း ၅၆၀၀ ကျော် (၎င်းတို့အနက် ကုမ္ပဏီနှင့်စီးပွားရေးအဖွဲ့အစည်းများမှ ဝန်ထမ်း ၃၀၂၀ ဦးပါရှိသည်)တို့ ပါဝင်ဆင်နွှဲကာ နိုင်ငံတကာကုန်သွယ်ရေးဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းနှင့် တံခါးဖွင့်မှုပုံရိပ် သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ကြပါသည်။

အဆိုပါ နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကျင်းပသည့်ကာလအတွင်း ယူနန်ပြည်နယ် ကုန်သွယ်ရေးအဖွဲ့သည် တရုတ်နိုင်ငံ(ယူနန်)ထုတ်လုပ်မှုလုပ်ငန်းလွှဲပြောင်းရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဂိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အစည်းအဝေး၊ "ယူနန်ကို လာရောက်ရင်းနှီးမြှုပ်နှံခြင်း" ဇီဝဆေးဝါး အထူးနှီးနှောဖလှယ်ပွဲနှင့် တရုတ်-လာအို မီးရထားလမ်းတစ်လျှောက် ယူနန်တံခါးဖွင့်မှုဥယျာဥ်ဇုန် (လွတ်လပ်သော ကုန်သွယ်မှုရှေ့ပြေးဇုန်) ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု နှီးနှောဖလှယ်ပွဲစသည့် အစီအစဥ်များကို ကျင်းပခဲ့ပါသည်။ သယံဇာတစီးပွားရေး၊ နယ်စပ်ဂိတ်စီးပွားရေးနှင့် ဥယျာဥ်ဇုန်စီးပွားရေးတို့ကို အားတက်သရော ဖွံ့ဖြိုးတိုးတက်စေရန် ယူနန်ပြည်နယ်၏ ဆောင်ရွက်မှုများအား ကုန်စည်ပြပွဲပါဝင်တက်ရောက်သော ဘက်ပေါင်းစုံမှ ပုဂ္ဂိုလ်များအား မိတ်ဆက်ပေးပါသည်။ ယူနန်တည်ဆောက်မှု၏ အောင်မြင်မှုအသစ်များကို သရုပ်ပြသကာ ပွင့်လင်းသော ပူးပေါင်းဆောင်ရွက်မှုအပေါ် ယုံကြည်မှုများ လက်ဆင့်ကမ်းရန်နှင့် ယူနန်တွင် ရင်းနှီးမြှုပ်နှံရန်အတွက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအား ဖိတ်ခေါ်ရန် အကောင်အထည်ဖော်ဆောင်ရွက်ကြပါသည်။

ထို့အပြင် ယခုနှစ် ယူနန်ပြည်နယ် ကုန်သွယ်ရေးအဖွဲ့သည် ယူနန်ပြည်နယ်၏ ထူးခြားသော ကျက်သရေရှိမှုနှင့် ရှေးဟောင်းအမှတ်တံဆိပ် အထူးထုတ်ကုန်များကို ပြသရန် အာရုံစိုက်ခဲ့သည်။

ဆောင်းပါးအရင်းအမြစ်။ ။ ယူနန်နေ့စဥ်သတင်းစာ
ဘာသာပြန်။ ။ Zhang Yinglin