ကမ္ဘာနှင့်အဝှမ်း ယူနန်ပြည်နယ်၏ အခွင့်အလမ်းအသစ်များအား အတူတကွ မျှဝေကြစို့

Yunnan Gateway, November 14, 2023
Size:

နိုဝင်ဘာလ ၅ ရက်နေ့တွင် တရုတ်နိုင်ငံ(ယူနန်)ထုတ်လုပ်မှုလုပ်ငန်းလွှဲပြောင်းရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဂိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အစည်းအဝေးကို ရှန်ဟိုင်းမြို့တွင် ကျင်းပခဲ့ပါသည်။

အဆိုပါမြှင့်တင်ရေးအစည်းအဝေးတွင် ရှန်ဟိုင်း-ယူနန်ပူးပေါင်းဆောင်ရွက်မှုနှင့် ယူနန်မှ ထုတ်လုပ်မှုလုပ်ငန်း လွှဲပြောင်းရေး လက်ခံဆောင်ရွက်ခြင်း၊ နယ်စပ်ဒေသ တံခါးဖွင့်လှစ်မှု၊ လွတ်လပ်သော ကုန်သွယ်မှု ရှေ့ပြေးဇုန် တည်ဆောက်ရေးစသည့် အောင်မြင်မှုများကို ခင်းကျင်းပြသထားပါသည်။ ယူနန်ပြည်နယ်၏ သက်ဆိုင်ရာ အစိုးရဌာနများသည် ယူနန်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး အားသာချက်များ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ ထုတ်လုပ်မှုလုပ်ငန်း လွှဲပြောင်းခြင်း ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဂိတ်လမ်းကြောင်း အားသာချက်များ စသည်တို့ကို ပါဝင်တက်ရောက်သည့် ကုမ္ပဏီများအား မိတ်ဆက်ပေးပါသည်။

ယခုအကြိမ် မြှင့်တင်ရေးအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၂၂ ခုနှင့် သွင်းကုန်ဝယ်ယူရေးပရောဂျက် ၁၃ ခု လက်မှတ်ရေးထိုးခဲ့ကြပါသည်။

မလေးရှားနိုင်ငံ G-COVE Group သည် ယခုနှစ် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ(CIIE)တွင် ပထမဆုံး အကြိမ် ပါဝင်ပြသသည့် လုပ်ငန်းအဖွဲ့ဖြစ်သည်။ CIIE သည် မလေးရှားကုမ္ပဏီများကို နိုင်ငံတကာဈေးကွက်သို့ ပိုမိုကောင်းမွန်စွာဝင်ရောက်နိုင်ရန် အထောက်အကူပြုပြီး နိုင်ငံအသီးသီးမှ ကုမ္ပဏီများနှင့် နက်ရှိုင်းစွာ ကူးလူးဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်သည်ဟု အဆိုပါအဖွဲ့ဥက္ကဋ္ဌနှင့် တရုတ်-မလေးရှား ကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌ ချိုက်ယီဟုန်းတို့က ပြောကြားခဲ့သည်။

ယခုနှစ်သည် “Belt and Road” အဆိုပြုချက် အတည်ပြုခြင်း (၁၀)နှစ်မြောက် နှစ်ပတ်လည်ဖြစ်သည်။ CIIE သည် တရုတ်နိုင်ငံ၏ ဈေးကွက်ကြီးကို ကမ္ဘာနှင့်အဝှမ်း မျှဝေသည့်စျေးကွက်ဖြစ်လာစေရန် မြှင့်တင်ပေးထားပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်နေ့စဥ်သတင်းစာ
သတင်းထောက် ။ ။ Liu Ziyu၊ Han Chengyuan
ဘာသာပြန် ။ ။ Zhang Yinglin