စတုတ္ထအကြိမ်မြောက် တရုတ်-မြန်မာ Think Tank အဆင့်မြင့်ဖိုရမ်ကို မန်စီမြို့တွင် ကျင်းပမည်

Yunnan Gateway, November 14, 2023
Size:

၂၀၂၃ ခုနှစ် နို၀င်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ “Belt and Road”အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရုတ်-မြန်မာ ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေး ဟူသော အဓိကဆောင်ပုဒ်ဖြင့် စတုတ္ထအကြိမ်မြောက် တရုတ်-မြန်မာ Think Tank အဆင့်မြင့်ဖိုရမ်ကို ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။

တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုခေတ်သစ်၊ "Belt and Road"နှင့် အပြန်အလှန်ဆက်နွယ်ပေါက်ရောက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်နှင့် တရုတ်မြန်မာပြည်သူကြား နှလုံးသားချင်း နီးစပ်မှု ဟူသော ဆွေးနွေးမှုခေါင်းစဥ် ၃ ခု ဖြင့် ပါ၀င်တက်ရောက်မည့် ဧည့်သည်တော်များမှ ဆွေးနွေးကြပါမည်။

ဆောင်းပါးအရင်းအမြစ် ။ ။ တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီ ပြန်ကြားရေးဌာန
ဘာသာပြန် ။ ။ Zhang Yinglin