တရုတ်နိုင်ငံက ပထမဆုံး သံလမ်းတစ်လမ်းပြေးရထားလမ်း ဖွင့်လှစ်

Yunnan Gateway, September 28, 2023
Size:

တရုတ်နိုင်ငံ၏ ပထမဆုံး စီးပွားရေးလုပ်ငန်းသုံး သံလမ်းတစ်လမ်းပြေးရထားလိုင်းကို နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် မြို့တော် ဝူဟန့်တွင် စက်တင်ဘာ ၂၆ ရက်က အများပြည်သူများ အသုံးပြုနိုင်ရန် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်းစီမံကိန်း ပထမအဆင့် ပြေးဆွဲမှုသည် စုစုပေါင်း အကွာအဝေး ၁၀.၅ ကီလိုမီတာရှိပြီး ဘူတာရုံ ၆ ရုံကို ဖြတ်သန်းပြေးဆွဲမည်ဖြစ်ကြောင်း ရထားလိုင်းလည်ပတ်သူ Optics Valley Traffic ကုမ္ပဏီက ပြောကြားခဲ့သည်။ အဆိုပါ ရထားလိုင်းသည် အချိန် ၁၀ မိနစ်တိုင်း ရထားတစ်စင်း ထွက်ခွာမည်ဖြစ်ကာ နေ့စဉ် အချိန် ၁၂ နာရီ လည်ပတ်ပြေးဆွဲလျက်ရှိသည်။

ရထားပြေးဆွဲမှု အမြန်နှုန်းအနေဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၆၀ ရှိကြောင်း၊ လည်ပတ်ပြေးဆွဲမှု လုပ်ငန်းစဉ်တစ်ခုလုံးဖြစ်သည့် ရထားထွက်ခွာခြင်း၊ ဘူတာရုံများသို့ဝင်ရောက်ခြင်း၊ တံခါးအဖွင့် အပိတ် စသည်တို့မှာ အပြည့်အဝ အလိုအလျောက်စနစ်ဖြစ်ကာ လူလိုက်ပါဆောင်ရွက်ရန် မလိုအပ်ကြောင်း သိရသည်။

Optics Valley Photon ဟု လူသိများသော သံလမ်းတစ်လမ်းပြေးရထားလိုင်းသည် မြေပြင်မှအထက်တွင် တည်ရှိသောရထားလမ်းမှ ချိတ်ဆွဲ၍ ရထားပြေးဆွဲထားခြင်းဖြစ်သည်။ ခရီးသည်များအနေဖြင့် ၎င်းတို့၏ ခြေထောက်အောက်ရှိ ဖန်သားပြင်ကြမ်းခင်းမှတစ်ဆင့် မြို့မြင်ကွင်းကို လုံးဝကွဲပြားခြားနားစွာ ရှုမြင်ခံစားနိုင်ကြောင်း သိရသည်။ အဆိုပါ ရထားလိုင်းကို မေလက စမ်းသပ်ပြေးဆွဲခဲ့ချိန်မှစ၍ နိုင်ငံတစ်ဝန်းရှိ ခရီးသွားဧည့်သည်များကို ဆွဲဆောင်မှုဖြစ်စေခဲ့သည်။ (Xinhua)