ပိုးလမ်းမ ရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင်ဇာတ်ကား ၅၀၀ နီးပါး ပါဝင်ယှဉ်ပြိုင်မည်

Yunnan Gateway, September 28, 2023
Size:

၁၀ ကြိမ်မြောက် ပိုးလမ်းမ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် နိုင်ငံနှင့် ဒေသပေါင်း ၈၄ ခုမှ ရုပ်ရှင်ဇာတ်ကား ၅၀၀ နီးပါးက ဆုရရှိရေး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ပါဝင်ယှဉ်ပြိုင်လျက်ရှိသော ရုပ်ရှင်ဇာတ်ကား ၂၀ ကားမှာ ဆု ၁၀ ဆု ဆန်ခါတင်စာရင်း၌ ပါဝင်ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် မြို့တော် ဖူကျိုးတွင် ကျင်းပသည့် ရုပ်ရှင်ပွဲတော် ကြေညာခြင်းအခမ်းအနား၌ ပွဲတော်ဖြစ်မြောက်ရေး စီစဉ်သူများက ပြောခဲ့သည်။

ရုပ်ရှင်ဇာတ်ကား စစ်ဆေးခြင်းကို စက်တင်ဘာ ၃၀ ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ပြီး ပွဲတော် အစီအစဉ်တွင် ဖိုရမ်များ၊ ပြပွဲအစီအစဉ်နှင့် “ရွှေရောင် ပိုးလမ်းဆုများ” ရွေးချယ်ခြင်း အပါအဝင် အဓိကအစီအစဉ် ၉ ခု ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်နှင့် ဆန်ရှီးပြည်နယ်မြို့တော် ရှီးအန်းမြို့တို့တွင် ရုပ်ရှင်ဇာတ်ကား ၂၀၀ ကျော် ပြသရန် လျာထားသည်။ ရုပ်ရှင်ပွဲတော် ကျင်းပသောနေရာကို ရပ်ဝန်းနှင့် ပိုးလမ်းမ မိတ်ဖက်နိုင်ငံများကြား ရုပ်ရှင်လုပ်ငန်း ကူးလူးဆက်ဆံမှု မြှင့်တင်ရန် ရှီးအန်းမြို့နှင့် ဖူကျိုးမြို့ကြား တစ်လှည့်စီကျင်းပခြင်းဖြစ်သည်။ (Xinhua)