ရှီကျင့်ဖိန်သည် နီပေါဝန်ကြီးချုပ် ပရာချန်ဒါနှင့် တွေ့ဆုံနှုတ်ဆက်

Yunnan Gateway, September 28, 2023
Size:

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက် မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော နီပေါဝန်ကြီးချုပ် ဘာရာချန်တာနှင့် ဟန်ကျိုးမြို့ ရှီးဟူး ဧည့်ဂေဟာ၌ တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

တရုတ်နိုင်ငံသည် တရုတ်လုပ်ငန်းကုမ္ပဏီများအား နီပေါနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်နှင့် နီပေါမှ တရုတ်သို့တင်ပို့မှုများကို တွန်းအားပေးကြောင်း၊ နီပေါနှင့်အတူ နိုင်ငံတော် စီမံအုပ်ချပ်ရေး အတွေ့အကြုံများအပြန်အလှန်ဖလှယ်မှု အားဖြည့်ပြုလုပ်ပြီး နီပေါစီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုး တိုးတက်ရန် တတ်နိုင်သလောက် အထောက်အကူပေးမည်ဖြစ်ကြောင်း၊ တရုတ်နှင့်နီပေါ နှစ်နိုင်ငံတို့သည် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများတွင် ဘုံအကျိုးစီးပွားများစွာရှိကြောင်း၊ တရုတ် နိုင်ငံသည် နီပေါနှင့်အတူ ဘက်ပေါင်းစုံမှ ပူပေါင်းဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်ပြီး နှစ်နိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားများကို ကာကွယ်ဆောင်ရွက်ကာ လူသားကံကြမ္မာအသိုက်အဝန်း တည်ဆောက်ရေး တိုးမြှင့်ရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။