ရှီကျင့်ဖိန်သည် တောင်ကိုရီးယား ဝန်ကြီးချုပ် Han Deok-soo နှင့် တွေ့ဆုံနှုတ်ဆက်

Yunnan Gateway, September 28, 2023
Size:

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်သမ္မတ ရှီကျင့်ဖိန်သည် ဟန်ကျိုးမြို့ရှိ ရှီးဟူးရေကန် နိုင်ငံတော် ဧည့်ရိပ်သာတွင် ၁၉ ကြိမ်မြောက် အာရှ အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော တောင်ကိုရီးယားဝန်ကြီးချုပ် Han Deok-soo နှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့်တောင်ကိုရီးယားအကြား စီးပွားရေး ဆက်ဆံမှုသည် ရင်းနှီးပြီး စက်မှုနှင့်ထောက်ပံ့ရေး ကွင်းဆက်များ နက်ရှိုင်းစွာ ပေါင်းစည်းမှုရှိကြောင်း၊ နှစ်နိုင်ငံသည် အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ လုပ်ဆောင်နိုင်ပြီး အပြန်အလှန် အောင်မြင်မှုများ ဆက်လက်ရရှိစေနိုင်ကြောင်း၊ တရုတ်နှင့်တောင်ကိုရီးယားနှစ်ဖက်တို့သည် ဘက်ပေါင်းစုံဝါဒနှင့် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သောကုန်သွယ်မှုစနစ်ကို ကာကွယ်ပေးရန် ထောက်ခံကြ၍ ကူးလူးဖလှယ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ နိုင်ငံတကာစနစ် ပို မိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်ရန် တွန်းအားပေးနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။