လန်ချန်း-မဲခေါင်နိုင်ငံများ၏ ထုတ်လုပ်မှုစွမ်းရည်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာပူးတွဲအဖွဲ့ ပဥ္စမကြိမ်မြောက်အစည်းအဝေးကို ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ကျင်းပ

lmcchina.org, September 28, 2023
Size:

လန်ချန်း-မဲခေါင်နိုင်ငံများ၏ ထုတ်လုပ်မှုစွမ်းရည်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့(ညွှန်ကြားရေးမှူးအဆင့်) ပဥ္စမကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ထိုင်းနှင့် တရုတ်နိုင်ငံတို့သည် ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ရာ တရုတ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ ပထမအဆင့် စစ်ဆေးရေးမှူး ကောင်းကျန့်နှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်မှုဌာန တာဝန်ခံ စွန်းဝန်ဝူတို့အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ “လန်ချန်း-မဲခေါင်နိုင်ငံများ၏ ကုန်ထုတ်မှုစွမ်းရည်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ၃ နှစ်စီမံကိန်း(၂၀၂၄-၂၀၂၆)”၊ လန်ချန်း-မဲခေါင်နိုင်ငံများ၏ ကုန်ထုတ်မှုစွမ်းရည်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နောက်တစ်ဆင့် ဆောင်ရွက်ရမည့် အဓိကလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ သဘောတူညီချက်များစွာရရှိခဲ့သည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ လန်ချန်း-မဲခေါင် ထုတ်လုပ်မှုစွမ်းရည်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားရေးမှူများ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဌာန(လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုတရုတ်အတွင်းရေးမှူးအဖွဲ့)၊ တရုတ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုစင်တာတို့မှ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း အစည်းအဝေးသို့ ပါဝင်တက်‌ရောက်ခဲ့ကြသည်။