ထိုင်းနိုင်ငံဝန်ကြီးချုပ် Sretthaသည် ဗီဇာကင်းလွတ်ရေးမူဝါဒ ကျင့်သုံးသည့် ပထမနေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်ခရီးသည်များကို လေဆိပ် တွင် ကြိုဆို

CRI, September 25, 2023
Size:

စက်တင်ဘာလ ၂၅ရက်နေ့က ထိုင်းနိုင်ငံဝန်ကြီးချုပ် Sretthaသည် အစိုးရဌာနဆိုင်ရာ ဝန်ကြီးများနှင့်အတူ Suvarnabhumi အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ပြီး ဗီဇာကင်းလွတ်ရေးမူဝါဒကို ကျင့်သုံးဆောင်ရွက်သည့် ပထမနေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့်  ပထမအသုတ် တရုတ်ခရီးသည်များကို ကြိုဆိုခဲ့ကြောင်း၊ အဆိုပါ တရုတ်ခရီးသည်များသည် ထိုင်းနိုင်ငံ အာရှလေကြောင်းကုမ္ပဏီမှလေယာဉ်ဖြင့် ရှန်ဟိုင်းမြို့မှ ခရီးထွက် ခွာလာ ပြီး ဒေသစံတော်ချိန် နံနက် ၁၀နာရီ ၁၀မိနစ်တွင် ဘန်ကောက်မြို့ သို့ ရောက်ရှိခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။