ရှီကျင့်ဖိန်သည် ကမ္ဘာ စဉ်ဆက်မပြတ် လမ်းပန်းဆက်သွယ်ရေး ထိပ်သီး ဖိုရမ် ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

CRI, September 25, 2023
Size:

ယခုလ ၂၅ရက်နေ့က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘာ စဉ်ဆက်မပြတ် လမ်းပန်းဆက်သွယ်ရေး ထိပ်သီး ဖိုရမ် ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ကြောင်း သတင်းအရ သိရပါသည်။

တရုတ် နိုင်ငံ အနေနှင့် နိုင်ငံ အသီးသီးတို့နှင့် အတူတိုင်ပင်ရေး၊ အတူတည်ဆောက်ရေးနှင့် အတူ မျှဝေရေး ကြံဆချက်ကို စွဲကိုင်ထားပြီး စဉ်ဆက်မပြတ် လမ်းပန်းဆက်သွယ်ရေး၏ အကျိုးရလဒ်များကို နိုင်ငံ အသီးသီးမှ ပြည်သူများအား ပိုမို ကောင်းမွန်စွာ အကျိုးပြုစေကာ ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်နှင့် ကုလသမဂ္ဂ ၂၀၃၀ပြည့်နှစ် ဆိုက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို  အကောင်အထည် ဖော်ဆောင်ရေး အတွက်ရော၊ လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်မှု တွန်းအားပေးရေး အတွက်ပါ တက်ကြွသော အကျိုးပြုမှုများကို စွမ်းဆောင်လိုကြောင်း  ယင်းသဝဏ်လွှာတွင် ရေးသားဖော်ပြထားပါသည်။

ကမ္ဘာ စဉ်ဆက်မပြတ် လမ်းပန်းဆက်သွယ်ရေး ထိပ်သီး ဖိုရမ်၏ ဆောင်ပုဒ်မှာ “စဉ်ဆက်မပြတ် လမ်းပန်းဆက်သွယ်ရေး- လက်တွဲ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေး” ဟူ၍ ဖြစ်ကြောင်း၊ တရုတ် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနမှ ဦးစီး ကျင်းပခြင်း ဖြစ်ပြီး ၂၅ရက်နေ့က ဘေကျင်းတွင် ဖွင့်လှစ်လိုက်ကြောင်း သိရပါသည်။