ရှီကျင့်ဖိန်သည် ယိဝူ နိုင်ငံတကာကုန်သွယ်ရေးဇုန်သို့ သွားရောက်

CRI, September 22, 2023
Size:

စက်တင်ဘာလ ၂၀ ရက်နေ့တွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကျဲ့ကျန်းပြည်နယ် ယိဝူ နိုင်ငံတကာ ကုန်သွယ်ရေးဇုန်သို့ သွားရောက်ခဲ့သည်။ ယိဝူနိုင်ငံတကာကုန်သွယ်ရေးဇုန်သည် သေးငယ်သော ကုန်ပစ္စည်းများရောင်းချသည့် ကမ္ဘာ့အကြီးဆုံး လက်ကားဈေးကွက်ဖြစ်သည်။ လက်ရှိ လုပ်ငန်း ဧရိယာ သည် စတုရန်းမီတာ ၆.၄ သန်းကျော်ရှိပြီး ထုတ်ကုန်ပစ္စည်း အမျိုးပေါင်း ၂.၁ သန်းကို ရောင်းချလျက်ရှိသည်။ ယိဝူ နိုင်ငံတကာ ကုန်သွယ်ရေးဇုန်သည် အသေးစား၊ အလတ်စားလုပ်ငန်း ၂.၁ သန်း၏ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပြီး လူ ၃၂ သန်းကို အလုပ်အကိုင်များ ပံ့ပိုးပေးသည်။ ယိဝူမြို့သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၂၃၃ခုနှင့် ကုန်သွယ်မှု ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။ ၂၀၂၂ ခုနှစ်တွင် ယိဝူနိုင်ငံတကာကုန်သွယ်ရေးဇုန် ရောင်းချမှုပမာဏသည် ယွမ် ဘီလီယံ ၂၀၀ ကျော်လွန်ခဲ့ပါသည်။