တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ၈လအတွင်း နိုင်ငံခြားသို့ ရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက်တိုးလာသည်ဟု ကုန်သွယ်ရေး ဝန်ကြီးဌာန ဆို

CRI, September 22, 2023
Size:

တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနမှ စက်တင်ဘာလ ၂၁ရက်နေ့က ထုတ်ပြန်သည့် စာရင်းအရ ၂၀၂၃ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ တရုတ်နိုင်ငံ၏ နိုင်ငံခြားသို့ ငွေကြေးမဟုတ်သော တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏ သည် တရုတ်ယွမ် ၅၈၅.၆၁ ဘီလီယံရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၈.၈ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ ၎င်းအနက် “Belt and Road”ကို အတူတည်ဆောက်ထားသော နိုင်ငံများတွင် တရုတ်လုပ်ငန်းကုမ္ပဏီများ၏ ငွေကြေးမဟုတ်သော တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏသည် ယွမ် ၁၄၀.၃၇ ဘီလီယံရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၂၂.၅ ရာခိုင်နှုန်း တိုးများလာခဲ့ကြောင်း သိရပါသည်။