ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (လျန်ယူကန်မြို့) ၂၀၂၃ခုနှစ် ညီလာခံ ဖွင့်လှစ်

Yunnan Gateway, September 21, 2023
Size:

စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်၌ ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (လျန်ယူကန်မြို့) ၂၀၂၃ ခုနှစ် ညီလာခံကို ကျန်းစူးပြည်နယ် လျန်ယူကန်မြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ ယင်းညီလာခံတွင် နိုင်ငံနှင့် ဒေသပေါင်း ၅၀ ကျော်မှ အစိုးရများ၊ ဥပဒေ ကျင့်သုံးရေး ဌာနများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံတကာမှ ကျွမ်းကျင် ပညာရှင်များ စုစုပေါင်း ၅၀၀ ကျော်တက်ရောက်ခဲ့ကြပြီး ညီလာခံ၏ ဆောင်ပုဒ်မှာ "ကမ္ဘာတစ်ခွင်၊ ဘုံလုံခြုံရေး"ဖြစ်သည်။